စားနပ်ရိက္ခာ ဖူလုံရုံသာမက လယ်ယာကုန်ထုတ်လုပ်မှုဖြင့် လူနေမှုအဆင့်အတန်းမြင့်မားရေး မူဝါဒများချမှတ်ဆောင်ရွက်

 

မကွေး     သြဂုတ်     ၃၁


မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂)ကို  သြဂုတ် ၃၀  ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးလယ်ယာ မြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ  တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးတင့်လွင်နှင့်      တိုင်းဒေသကြီး   လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 


ဦးစွာ  တိုင်းဒေသကြီး   လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ  တိုင်းဒေသကြီးဝန်ကြီးချုပ်က  လယ်ယာ မြေ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် လယ်ယာကဏ္ဍ    ဖွံ့ဖြိုးတိုးတက်စေရန်၊  လယ်ယာကဏ္ဍကို အခြေခံ သည့်  ကုန်ထုတ်လုပ်မှုကို   ခေတ်မီနည်းစနစ်များ ဖြင့်    ဖွံ့ဖြိုးတိုးတက်စေရန်     ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်    ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လက်ရှိအခြေအနေတွင် စားနပ် ရိက္ခာဖူလုံရုံသာမက လယ်ယာကုန်ထုတ်လုပ်မှုဖြင့် လူနေမှုအဆင့်အတန်းမြင့်မားရေး  ဆောင်ရွက်ရန် ရည်ရွယ်၍  လယ်ယာစိုက်ပျိုးမြေများ  လျော့ပါးမှု မရှိစေရေး မူဝါဒများ တိတိကျကျ ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊       “တိုးချဲ့မြို့ပြစီမံကိန်းများ ဆောက်လုပ်ရန်အတွက်      မြေပြန့်နေရာများနှင့် စိုက်ပျိုးမြေများအား ခွင့်မပြုရေး မူဝါဒတစ်ရပ်ချမှတ် ဆောင်ရွက်သွားရန်၊ ဝန်ထမ်းအိမ်ရာများ၊ စီးပွားရေး အထူးဇုန်များ၊ စက်မှုဇုန်များကို စိုက်ပျိုးမြေများတွင် ဆောင်ရွက်ခြင်းမရှိအောင် ထိန်းသိမ်းစောင့်ရှောက် ရန်နှင့်  စိုက်ပျိုးမြေများအား  အခြားနည်းလမ်းများ ဖြင့် အသုံးမပြုနိုင်စေရေး ” ကြပ်မတ်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ     ညွှန်ကြား ထားရှိပြီးဖြစ်သဖြင့်   ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး၊     ပြဋ္ဌာန်းထားသည့်    ဥပဒေများနှင့် အညီ     ဖြစ်စေရေးအတွက်   ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ပေးရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 


ဆက်လက်၍    တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့   အတွင်းရေးမှူးက   လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်လျှောက်ထားသည့် အမှုတွဲ ၄၀  နှင့်    လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)  ပျက်စီး/ပျောက်ဆုံးသဖြင့်  ဒုတိယမူရင်း (သို့မဟုတ်)မိတ္တူမှန် ထုတ်ပေးပါရန် လျှောက်ထား သည့် အမှုတွဲ(၃)တွဲတို့အား သဘောထားမှတ်ချက်ပေး နိုင်ရန်     ဆွေးနွေးတင်ပြခဲ့ပြီး    တိုင်းဒေသကြီး လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ တင်ပြဆောင်ရွက်ခဲ့မှု အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်၍ ခွင့်ပြု ခြင်း၊ ပယ်ဖျက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                              

မောင်ညီညာ