တောင်ကြီး ဇူလိုင် ၃
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနက ကြီးမှူး၍ စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေနှင့် လယ်ယာမြေဥပဒေတို့ အရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ ရှမ်း စာပေနှင့် ယဉ်ကျေးမှုခန်းမ၌ ဇူလိုင် ၂ ရက်နှင့် ၃ ရက်က ကျင်းပသည်။
စာချုပ်စာတမ်း မှတ်ပုံတင်လုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေကြသည့် လယ်ယာ မြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ၂၀၁၈ ခုနှစ် စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လုပ်ထုံးလုပ်နည်းများ၊ လယ်ယာမြေဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို လေ့လာသိရှိနိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲတွင် လယ်ယာ မြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အမှာ စကား ပြောကြားကာ လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး များက ဦးဆောင်ဆွေးနွေးကြပြီး အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်လာသူ ဝန်ထမ်းများက အပြန်အလှန် ဆွေးနွေးခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် အတွင်းရှိ ခရိုင်/မြို့နယ် မြို့ရုံးများမှ ဝန်ထမ်း များက တက်ရောက်ဆွေးနွေးကာ ကယား ပြည်နယ်အတွင်းမှ ဝန်ထမ်းများကလည်း Video Conferencing စနစ်ဖြင့် တက်ရောက် ကြောင်း သိရသည်။
မြန်မာ့အလင်း



