စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ကျပ် ၄၃၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

 

နေပြည်တော်   နိုဝင်ဘာ   ၇
စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန    စားသုံးဆီ တင်သွင်းသိုလှောင်   ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ  ပြည်တွင်း၌    ဖြစ်သင့်ဖြစ်ထိုက်သည့်   ဈေးနှုန်းများ   ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး  စားအုန်းဆီ  အဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေ သည့်  FOB  ဈေးနှုန်းများကို   နေ့စဉ်စောင့်ကြည့်ကာ   သယ်ယူ ပို့ဆောင်ခ   ကုန်ကျစရိတ်များ၊   ဘဏ်စရိတ်များ၊  အခွန်အခများ  ထည့်သွင်းတွက်ချက်၍    ပြည်တွင်းဈေးကွက်၌     ရောင်းဝယ် ဖောက်ကားရမည့်    အခြေခံလက်ကား    ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်  နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ် နိုဝင်ဘာ   ၈   ရက်မှ   နိုဝင်ဘာ  ၁၃   ရက်အထိ  ရန်ကုန်အထိုင် ဈေး   အခြေခံလက်ကား   ရည်ညွှန်းဈေးနှုန်းမှာ   စားအုန်းဆီ တစ် ပိဿာလျှင်   ကျပ်   ၄၃၃၀  ဖြစ်ကြောင်း   ထုတ်ပြန်ကြေညာထား သည်။
ထို့အပြင်   ပြည်တွင်းဈေးကွက်အတွင်း   ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊  ဈေးကစားရန်  ရည်ရွယ်ချက်ဖြင့်  သိုလှောင်ခြင်း နှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရ  အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူ ရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page   နှင့်   မြန်မာနိုင်ငံ   ဆီကုန်သည်နှင့်    ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင်  ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း  သိရသည်။                                                                သတင်းစဉ်