ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှ ပင့်ဖိတ်ထားသည့် ဆရာတော်ကြီးများ လာရောက်လေ့လာဖူးမြော်ကြည်ညို

 

နေပြည်တော်   ဧပြီ    ၂၇


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်  ဗုဒ္ဓဥယျာဉ် တော်အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော် နေမှုအခြေအနေများအား ကြာနီကန်စာသင်တိုက် နိုင်ငံတော်ဩဝါဒါ စရိယ ဘဒ္ဒန္တသူရိယ ဦးဆောင်သော ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှ ပင့်ဖိတ်ထားသည့်  စာသင်တိုက် (၄၈) ခုမှ ဆရာတော်၊ သံဃာတော် စုစုပေါင်း အပါး (၆၀) တို့က ယနေ့ညနေပိုင်းတွင် လာရောက် လေ့လာ ဖူးမြော်ကြည်ညိုကြသည်။

 


ရှင်းလင်းလျှောက်ထား


ဦးစွာ ဆရာတော်၊ သံဃာတော်ကြီးများအား ရှင်းလင်းဆောင်၌  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ် ကြီး     ကျော်စွာလင်းက     မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရသည့်    ရည်ရွယ်ချက်၊      ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရေး စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်  တူးဖော်ခဲ့ရမှုနှင့် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့မှ အဆင့်ဆင့်    ပင့်ဆောင်ခဲ့ရမှု၊ ဆင်းတုတော်အပိုင်း(၁/၂/၃/၄)တို့အား ထုဆစ်ပုံဖော် ခဲ့မှုနှင့် ပလ္လင်တော်အထက်သို့ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင် ဝန်ချီ စက်တည်ဆောက်ကာ ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်း လုပ်ငန်းအဆင့်ဆင့်  ဆောင်ရွက်ခဲ့မှု၊  ဗုဒ္ဓဥယျာဉ်တော်ကြီး  စိမ်းလန်း စိုပြည်သာယာလှပစေရေးအတွက် သစ်ပင်၊ ပန်းမန်များ စိုက်ပျိုးဆောင် ရွက်နေမှု၊ သာသနိကအဆောက်အဦများ ထည့်သွင်းတည်ဆောက်လျက် ရှိမှုနှင့်    အဆင့်ဆင့်တိုးတက်လာမှု    အခြေအနေများကို     ရှင်းလင်း လျှောက်ထားသည်။ 

 


ထို့နောက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်ကြီးများ သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော်တည်ဆောက် ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ သာသနိကအဆောက်အဦများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုကြသည်။

 


ယင်းနောက် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်  တာဝန်ရှိသူများသည် ဆရာတော်၊ သံဃာတော်ကြီးများအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်၊ သံဃာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့်    ပရိတ်တရားတော်များကို    နာယူခဲ့ကြ ကြောင်း သတင်းရရှိသည်။                 

 သတင်းစဉ်