The Buddhist Association of China ၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ

 

The Buddhist Association of China
ရက်စွဲ၊ ၂၆-၅-၂၀၂၃
ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ  ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (သက်တော် ၉၄ နှစ်၊ ဝါတော် ၇၄ ဝါ) သည် ၂၅-၅-၂၀၂၃ ရက်နေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း ကြားသိရသည့်အတွက် များစွာဝမ်းနည်း ပူဆွေးရပါသဖြင့် မိမိတို့အသင်း၏အဖွဲ့ဝင်များမှ ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသသည် မြန်မာနိုင်ငံ၏ သံဃာတော် အသိုက်အဝန်းတစ်ခုလုံးအတွက် ကောင်းရာညွှန်ပြသော ဘာသာရေး ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ၎င်း၏ ဘဝတစ်လျှောက်လုံးတွင်    ဗုဒ္ဓဘာသာဆိုင်ရာအဆုံးအမများကို လက်တွေ့သင်ကြားပြသခဲ့ပါသည်။ သတ္တဝါအားလုံး၊ ပညာတတ် ရဟန်းတော်များနှင့်   စာဝါလိုက်ကြသည့်   သံဃာတော်များအား ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် ဓမ္မကို ဟောကြားခဲ့သည်။ ဗုဒ္ဓ ဘာသာတော်ထွန်းကားရန်နှင့် အမွေဆက်ခံရန်တို့အတွက် တက်ကြွ စွာ ဆောင်ရွက်ပေးခဲ့သည်။  လူသားများ၏   ကောင်းကျိုးအတွက် အခိုင်အမာဆောင်ရွက်ခဲ့သည်။ ဆရာတော်ကြီးသည် ဗုဒ္ဓဘာသာဝင် များ၏နှလုံးသားထဲတွင်  စံနမူနာပြပုဂ္ဂိုလ်တစ်ဦးလည်း  ဖြစ်သည်။ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူခြင်းသည် မြန်မာနိုင်ငံရှိ   ဗုဒ္ဓဘာသာအဖွဲ့အစည်းများအတွက် ဆုံးရှုံးမှုသာမက ကမ္ဘာတစ်ဝန်းလုံးရှိ    ဗုဒ္ဓဘာသာဝင်များအတွက်    ဆုံးရှုံးခြင်းလည်း ဖြစ်ပါသည်။
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ သည် တရုတ်နိုင်ငံ၊ ဗုဒ္ဓဘာသာအဖွဲ့အစည်းများအတွက်လည်း   စစ်မှန်သော   မိတ်ဆွေရင်းတစ်ဦး ဖြစ်ပါသည်။ ဆရာတော်ကြီးသည် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံ တို့မှ ဗုဒ္ဓဘာသာဝင်များက ကျင်းပပြုလုပ်သော အမျိုးမျိုးသောလှုပ်ရှားမှု များကို စိတ်အားထက်သန်စွာ အထောက်အပံ့ပေးခဲ့ပါသည်။ မိမိတို့ နှစ်နိုင်ငံအကြား  ဗုဒ္ဓဘာသာအဖွဲ့အစည်းများ၏ ချစ်ကြည်ရင်းနှီးမှု ကို များစွာမြှင့်တင်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးဖြစ်လာစေရန်   အရေးကြီးသော ကူးလူးဆက်ဆံရေးများကို ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသသည် တရုတ်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ရန်  မြန်မာနိုင်ငံမှ   သံဃာတော်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။ အဆိုပါကာလအတွင်း ဆရာတော်ကြီးသည် The Buddhist Association of China သို့ လေ့လာခဲ့ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏  ဗုဒ္ဓဘာသာအဖွဲ့အစည်းများအကြား   ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် အပြန်အလှန်ဖလှယ်ခြင်းတို့ကို ပိုမိုအားကောင်း လာစေရန်၊  ကမ္ဘာပေါ်တွင်   ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးကို မြှင့်တင်ရန် ၎င်း၏ရည်ရွယ်ချက်ကို အတိအလင်း မြွက်ကြားခဲ့သည်။ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ ဘဝနတ်ထံပျံလွန်တော်မူခြင်း သည်  မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းအတွက် ကြီးမားသော ဆုံးရှုံးမှုလည်းဖြစ်ပါသည်။ တရုတ်နိုင်ငံရှိ  ဗုဒ္ဓဘာသာအဖွဲ့အစည်း အတွက်လည်း ကြင်နာမှုနှင့် ကြီးမားသောဂုဏ်သတင်းတို့ဖြင့် ပြည့်စုံ သော စစ်မှန်သည့်မိတ်ဆွေရင်းတစ်ဦး ဆုံးရှုံးခြင်းလည်းဖြစ်ပါသည်။ ယခုကဲ့သို့ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဘဝနတ်ထံပျံလွန်တော် မူခြင်းအတွက် မိမိတို့အနေဖြင့် များစွာကြေကွဲဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်။
ဘုရား၊ တရား၊ သံဃာ  တည်းဟူသော   ရတနာမြတ်သုံးပါး၏ ကောင်းကျိုးကြောင့်  ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ  ဆရာတော် ဘုရားကြီးအနေဖြင့် နိဗ္ဗာန်သို့ ရရှိ၊ ရောက်ရှိပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
                  ဥက္ကဋ္ဌ
The Buddhist Association of China