
ဗန်းမော် အောက်တိုဘာ ၃၀
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အတွင်း ကျေးရွာ၁၇ရွာမှ မိုးစပါး သီးနှံ စိုက်ဧကများ ရေကြီး နစ်မြုပ်၍ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ သော တောင်သူများအား ယူရီးယားဓာတ်မြေဩဇာအိတ် များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်စိုက်ပျိုး ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက အမှာစကားပြောကြားကာ ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မြင့် က မိုးရာသီကာလအတွင်း မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေနှင့် တာပိန်မြစ်ရေ တို့မှ မြစ်ရေမြင့်တက်မှုများရှိခဲ့ သည့်အတွက် မိုးစပါးသီးနှံစိုက် ဧကများ ရေကြီးနစ်မြုပ်ခဲ့၍ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့သော စိုက်ဧကများအတွက် ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့သော မိုးစပါးသီးနှံစိုက်ဧက တောင်သူ ၈၈၄ဦး၊ မိုးစပါး သီးနှံ စိုက်ဧကပေါင်း ၂၃၉၉ ဧက၊ ပြန် စိုက်ဧရိယာဧက၁၆၁ ဧက၊ တောင် သူပေါင်း ၁၀၁ ဦးတို့အား တစ်ဧက တစ်အိတ်နှုန်းဖြင့် ယူရီးယား ဓာတ်မြေဩဇာအိတ် ၉၆၁ အိတ် ကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး နှင့် ခရိုင်လယ်/စီအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် လယ် / စီ အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီ မှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များ၊ ရပ်၊ ကျေး လယ်/ စီအဖွဲ့ဝင် များက ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ခရိုင်( ပြန်/ဆက်)