ဗန်းမောက်မြို့တွင် အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲပြုလုပ်

 

ဗန်းမောက်  အောက်တိုဘာ  ၃၀


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့တွင် အောက်ဆီဂျင်  ထုတ်စက်ရုံဖွင့်ပွဲကို အောက်တိုဘာ ၂၉ ရက်က ဗန်းမောက်မြို့ ဆေးရုံ ဝင်းအတွင်း၌ ကျင်းပသည်။

 


အဆိုပါအောက်ဆီဂျင်ထုတ်စက်ကို အောက်တိုဘာ ၂၆ ရက်တွင် စက်ပစွည်းများတပ်ဆင်၍ စတင်ထုတ်လုပ်ခဲ့ရာ တစ်နေ့လျှင် လီတာ ၄၀ အိုး အလုံး ၄၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်သည်။

 


စက်ရုံနှင့်သက်ဆိုင်သော   စာရွက်စာတမ်းများကို    ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေးကော်မတီထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လွှဲပြောင်းပေးအပ်ပြီး အခမ်းအနားသို့ ဗန်းမောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။ 


လူအောင်(ကသာ)