ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်တော် ၂၄ နာရီ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကျင်းပ

 

ဗန်းမောက်   ဒီဇင်ဘာ  ၁၆


စစ်ကိုင်းတိုင်းဒေသကြီး    ဗန်း မောက်မြို့နယ်အတွင်းရှိ    ဇလုံ တောင်​တော်တွင်၂၄ နာရီ လျှပ်စစ် မီးလင်းရေးဖွင့်ပွဲကို     ဒီဇင်ဘာ ၁၅  ရက် နံနက်ပိုင်းက အဆိုပါ တောင်ပေါ်တွင် ကျင်းပသည်။

 


ဇလုံတောင်တော်သည်  ဗန်း မောက်မြို့နှင့် ၁၄မိုင်ခန့် ကွာဝေး ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရား ဖူးများ    လာရောက်ကြသဖြင့်   ဇလုံတောင်တော်ကို    စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံ ငွေကျပ်  သိန်း ၁၀၀၀ ကျော် ဖြင့် ၂၄ နာရီ လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်ခဲ့ကြောင်း ဗန်းမောက် မြို့နယ် လျှပ်စစ်မှူးဦးမောင်တိုး က ပြောကြားသည်။

 


အဆိုပါ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားသို့ ဗန်းမောက် မြို့နယ်      စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် မြို့နယ် အဆင့်  ဌာနဆိုင်ရာတာဝန်ရှိသူ များ၊     လူမှုကူညီရေးအသင်း အဖွဲ့များ၊  မြို့မိမြို့ဖများ၊  ဂေါပက အဖွဲ့ဝင်များ    တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


လူအောင်(ကသာ)