
ရန်ကုန် ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ရဲရိပ်သာရပ်ကွက် ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူး၍ ပထမအကြိမ် ဝန်ထမ်းများနှင့် ဘုရားဖူးပြည်သူများ စုပေါင်း သွေးလှူဒါန်းပွဲကို ဧပြီ ၁ ရက် နံနက် ၉ နာရီက ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံ၌ ကျင်းပသည်။
အဆိုပါ သွေးလှူဒါန်းပွဲသို့ အမျိုးသားသွေးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာအောင်၊ စေတီတော်ဂေါပကအဖွဲ့ အလှည့် ကျ သဘာပတိ ဦးအောင် မြတ်၊ ဗိုလ်တထောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်လွင်၊ ဗိုလ်တထောင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် ဗိုလ်တထောင် စေတီ တော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဇီဝိတဒါန သွေးလှူဒါန်း သူများကို အားပေးစကားပြောကြားခဲ့သည်။ ပထမအကြိမ် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ တွင် စုစုပေါင်း သွေးလှူရှင် ၁၀၈ ဦး သွေးပုလင်း ၁၀၈ ပုလင်းလှူဒါန်းနိုင်ခဲ့ကြောင်းသိရသည်။
အာကာလင်း