
လန်ဒန် ဇန်နဝါရီ ၆
ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၉၄၇၄၇ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၃၈၃၅၃၃၄ ဦး ရှိလာကြောင်း သိရသည်။
သေဆုံးသူပေါင်း ၄၉၂၈၄ ဦး ရှိလာ
ထို့ပြင် ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၃၄ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါ ရောဂါဖြင့် သေဆုံးသူပေါင်း ၄၉၂၈၄ ဦး ရှိလာ ကြောင်းနှင့် ဆေးရုံများ၌ တက်ရောက်ဆေးဝါး ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ ၁၇၂၇၆ ဦး ရှိကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော် သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမ အကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၈၂ ရာခိုင်နှုန်း သည် ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၆၀ ရာခိုင်နှုန်းကျော် သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယ
အကြိမ် အပိုဆောင်းထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်