ဗြိတိန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀၉၄၁ ဦး ထပ်မံတွေ့ရှိ

လန်ဒန်    နိုဝင်ဘာ    ၂၁


ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀၉၄၁ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့်    နိုင်ငံတစ်ဝန်း     ကူးစက်ခံရသူပေါင်း ၉၈၀၆၀၃၄ ဦးရှိလာကြောင်း ယနေ့ သတင်းများအရ သိရသည်။


ထို့ပြင် ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၅၀ ထပ်မံ တွေ့ရှိရာ လက်ရှိတွင် သေဆုံးသူပေါင်း ၁၄၃၈၆၆ ဦးရှိပြီး ဆေးရုံများတွင် ဆေးဝါးကုသမှုခံယူလျက် ရှိသည့် ကိုဗစ်-၁၉ လူနာ ၈၀၇၉  ဦးရှိကြောင်း သိရ သည်။


ဗြိတိန်နိုင်ငံ၌   အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၈၀  ရာခိုင်နှုန်းကျော် သည်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီး ၈၈ ရာခိုင် နှုန်းကျော်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့် အထက် အသက်အရွယ်ရှိသူအားလုံး၏ ၂၅ ရာခိုင်နှုန်း ကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယ အကြိမ်    အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်း လည်း သိရသည်။                      

 ကိုးကား-ဆင်ဟွာ
 ဘာသာပြန်-အလင်းသစ်