ဗီယက်နမ်တွင် ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၁၂၆၀၇ ဦး တိုးလာပြီး စုစုပေါင်း ၄၆၂၀၉၆ ဦးအထိရှိလာ

 

 

ဟနွိုင်း  သြဂုတ်  ၃၁ 


ဗီယက်နမ်နိုင်ငံတွင်  ကိုဗစ်-၁၉ ထပ်မံကူးစက်သူ  ၁၂၆၀၇ ဦး တိုးလာကြောင်း  ဖော်ပြခဲ့ပြီး  ၎င်းတို့ထဲတွင်       ၁၂၅၉၁ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကာ ၁၆ ဦးမှာ ပြည်ပကူးစက်မှုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက  သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။ 
ထပ်မံအတည်ပြုခဲ့သော  ကိုဗစ်-၁၉  ကူးစက် မှုအသစ်များကြောင့်      နိုင်ငံအတွင်း    ကိုဗစ်-၁၉  အတည်ပြု   ကူးစက်ဖြစ်ပွားသူပေါင်းမှာ   ယခုအခါ ၄၆၂၀၉၆  ဦးအထိ      ရှိလာခဲ့ပြီး     ၁၁၀၆၄  ဦး ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့ပြီဖြစ်ကြောင်း  ကျန်းမာ ရေးဝန်ကြီးဌာနက ဆက်လက်ဖော်ပြသည်။ 
ကိုဗစ်-၁၉    အစုလိုက်ကူးစက်မှု    အများစုမှာ တောင်ပိုင်းဒေသများမှဖြစ်ကာ ကိုဗစ်-၁၉ ကူးစက် ရာ    ဗဟိုချက်နေရာဖြစ်သည့်   ဟိုချီမင်းစီးတီးမှ  ၅၄၄၄ ဦး၊  အနီးနားရှိ  ဘင်ဒေါင်းပြည်နယ်မှ ၄၅၃၀ နှင့်  ဒွန်နိုင်ပြည်နယ်မှ  ၆၃၄ ဦးတို့ ဖြစ်ကြသည်။
ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည်ကျန်းမာလာသူ ၂၃၈၈၆၀   ရှိလာပြီး        နိုင်ငံတစ်ဝန်း    ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးပြီးသူပေါင်းမှာလည်း  သန်း ၂၀ ကျော်လွန်လာပြီဖြစ်သည်။ 
သြဂုတ် ၃၁ ရက်က     ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်က သက်ဆိုင်ရာ ပြည်နယ်ဒေသများတွင် ကိုဗစ်-၁၉     ကူးစက်မှုကို     ကာကွယ်ထိန်းချုပ် ရန်    ဆောင်ရွက်ချက်များကို    ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းထားသည်။                             ဆင်ဟွာ