
ဟနွိုင်း သြဂုတ် ၂၃
ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၁၂၁၄ ဦးရှိလာ ကြောင်း ဖော်ပြခဲ့ပြီး ၎င်းတို့ထဲတွင် ၁၁၂၀၈ ဦးမှာ ပြည်တွင်းကူးစက်ဖြစ်ပွား မှုဖြစ်ကာ ခြောက်ဦးမှာ ပြည်ပကူးစက်မှု ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ အစုလိုက် ကူးစက်မှု အများစုမှာ တောင်ပိုင်းဒေသများမှ ဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်ရာ ဗဟိုချက် နေရာဖြစ်သည့် ဟိုချီမင်းမြို့မှ ၄၁၉၃ဦး၊ အနီးနားရှိ ဘင်ဒေါင်းပြည်နယ်မှ ၃၇၉၅ ဦးနှင့် ဒွန်နိုင်ပြည်နယ်မှ ၈၄၉ ဦးတို့ ဖြစ်ကြသည်။
သြဂုတ် ၂၂ ရက်က နိုင်ငံတောင်ပိုင်း ဆော့ထရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၁၃၈ ဦးရှိ ကြောင်း ဖော်ပြခဲ့သည်။ ထပ်မံအတည်ပြု ခဲ့သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု သစ်များကြောင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ အတည်ပြုကူးစက်ဖြစ်ပွားသူပေါင်း မှာ ယခုအခါ ၃၄၈၀၅၉ ဦးအထိရောက်ရှိ လာခဲ့ပြီး ၈၂၇၇ ဦး ကိုဗစ်-၁၉ကြောင့်သေဆုံးခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနကဆက်လက်ဖော်ပြသည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မှ ပြန်လည်ကျန်းမာလာသူ ၁၄၇၆၆၇ ဦး ရှိလာပြီး နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူပေါင်းမှာလည်း ၁၇ သန်းကျော်လွန်လာပြီဖြစ်သည်။
ဆင်ဟွာ