ဗီယက်နမ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၂၇၀ ရှိ

ဟနွိုင်း   ဒီဇင်ဘာ  ၁၆


ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ   ၁၅၂၇၀  ထပ်မံ တွေ့ရှိကြောင်း၊    ယင်းလူဦးရေအနက် ၁၅၂၆၇ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရ သူများဖြစ်ကြောင်းနှင့် သုံးဦးသည် ပြည်ပ မှ ပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက်ခံရခြင်းဖြစ်ကြောင်း   ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။


ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်ခံရမှုအများစုမှာ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမှဖြစ်ကြောင်းနှင့်  ဟိုချီမင်း စီးတီး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၇၅ ဦး၊ ကာမောပြည်နယ်၌ ၁၃၃၉ ဦး နှင့်   ဘင်ဖူအော့ပြည်နယ်၌  ၈၈၀  ရှိကြောင်း သိရသည်။


လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉  ရောဂါ    ကူးစက်ခံရသူစုစုပေါင်း ၁၄၉၃၂၃၇ ဦးရှိကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးသူစုစုပေါင်း ၂၈၈၅၇ ဦးရှိကြောင်း ဗီယက်နမ်ကျန်းမာရေး ဝန်ကြီးဌာနက  ပြောကြားသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံ၌   လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိ သူ ၁၀၃၃ ဦးရှိခြင်းကြောင့် အဆိုပါရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၀၆၄၄၆၁  ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ပြောကြားချက်အရ သိရသည်။


အသုံးပြုပြီးဖြစ်


ဗီယက်နမ်နိုင်ငံ၌     နိုင်ငံတစ်ဝန်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်အောက်တွင်  ကာကွယ်ဆေး အလုံးရေ  ၁၃၅  ဒသမ ၇  သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ
 ဘာသာပြန် - အလင်းသစ်