
ဟနွိုင်း စက်တင်ဘာ ၁၇
ဗီယက်နမ်နိုင်ငံတွင် စက်တင်ဘာ ၁၇ ရက်၌ ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရသူ ၂၄၇၉ ဦး စစ်ဆေး တွေ့ရှိပြီး စက်တင်ဘာ ၁၆ ရက် ကထက် ၆၀၁ ဦး ကျဆင်းလာ ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရ သည်။
အဆိုပါ ကူးစက်ခံရသူများ သည် ပြည်တွင်းကူးစက်မှုများ ဖြစ်ကြောင်း သိရသည်။ ဗီယက်နမ် နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကြောင့် ထပ်မံသေဆုံးသူ တစ်ဦးရှိ သည့်အတွက် အဆိုပါရောဂါ ကြောင့် သေဆုံးသူ စုစုပေါင်း ၄၃၁၃၈ ဦးအထိ ရှိလာပြီဖြစ် ကြောင်း သိရသည်။
ထို့အပြင် ဗီယက်နမ်နိုင်ငံ၌ စက်တင်ဘာ ၁၇ ရက်အထိ ရောဂါ ပြင်းထန်ပြီး အသက်ရှူကိရိယာ တပ်ဆင်ရန် လိုအပ်သူ ၁၅၃ ဦးရှိ ကြောင်း သိရသည်။
ဆင်ဟွာ