
အန်းဒရွိုက်ဖုန်းတွေကိုသုံးပြီး ဗီဒီယိုတွေ တည်းဖြတ်ဖို့ဆိုရင် Kine Master အက်ပလီ ကေးရှင်းကို လူသိများသလို အွန်လိုင်းနဲ့ လူမှု ကွန်ရက်ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုတွေမှာ ဆိုရင်လည်း Kine Master နဲ့ တည်းဖြတ်ထား လို့ Kine Master ရေစာပါနေတဲ့ ဗီဒီယိုတွေကို အများဆုံးတွေ့ရမှာဖြစ်ပါတယ်။ Kine Master ဟာ ဗီဒီယိုတွေတည်းဖြတ်ရာမှာ အကောင်းဆုံး အက်ပလီကေးရှင်းတစ်ခုဖြစ်ပေမယ့် အသေး စိတ်ကျတဲ့ လုပ်ဆောင်ချက်တွေ များတာ ကြောင့် အခုမှစသုံးမယ့်လူတွေနဲ့ တစ်ခါတစ်ရံ အပျော်တမ်းအနေနဲ့ သုံးမယ့်လူတွေအဖို့တော့ သုံးရခက်တဲ့ အက်ပလီကေးရှင်းဖြစ်ပါတယ်။
Kine Master လို သုံးရမခက်ဘဲ အခြေခံ ဗီဒီယိုတည်းဖြတ်မှုတွေအားလုံးကို လွယ်လွယ် ကူကူ လုပ်ဆောင်နိုင်မယ့် အက်ပလီကေးရှင်း ကတော့ AndroVid အက်ပလီကေးရှင်း ဖြစ်ပါ တယ်။ ဒီအက်ပလီကေးရှင်းမှာ ဗီဒီယိုဖိုင်တွေ ထဲက မလိုတဲ့အပိုင်းတွေကို ဖြတ်တောက်တာ၊ ဗီဒီယိုဖိုင်တွေကို ဆက်တာ၊ ဗီဒီယိုမှာ နောက်ခံ အသံ ထပ်ပေါင်းထည့်တာ သို့မဟုတ် အသံ တွေဖျောက်ပြီး သီချင်းအသစ်တွေထည့်တာ၊ ဗီဒီယိုမှာ စာတန်းထိုးတာနဲ့ ပုံတွေ ရေစာတွေ ထည့်တာ၊ ဗီဒီယိုရဲ့ Aspect Ratio ကို ပြုပြင်တာနဲ့ နောက်ခံကို ပြောင်းလဲတာ၊ ဗီဒီယို ဖိုင်ကို အသံဖိုင်(mp3) သို့မဟုတ် အခြားဗီဒီယို ဖိုင်(GIF, 3GP, AVI, FLV, MP4, MPG, MOV, WMV and VOB)တွေအဖြစ် ပြောင်းလဲတာ၊ ဒေါင်လိုက် အလျားလိုက် လှည့်တာ၊ ဖိုင်ဆိုက် ကြီးနေတဲ့ ဗီဒီယိုဖိုင်တွေကို အရည်အသွေး လျှော့ချပြီး ချုံ့တာ၊ ဗီဒီယိုရဲ့ အနှေးအမြန်ကို ပြောင်းလဲတာ၊ ဓာတ်ပုံတွေကို စုစည်းပြီး အက်ပလီကေးရှင်းကပေးထားတဲ့ effect တွေ နောက်ခံအသံတွေနဲ့ပေါင်းပြီး ဗီဒီယိုဖိုင်အဖြစ် ဖန်တီးတာ စတဲ့ လုပ်ဆောင်ချက်တွေအားလုံး ကို လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။
အွန်လိုင်းမှာ ဗီဒီယိုတွေတင်ပြီး ကြော်ငြာ ကနေ ငွေရှာသူတွေအတွက် ပရော်ဖက်ရှင်နယ် အဖြစ် အသေးစိတ်လုပ်နိုင်တဲ့ Kine Master က သင့်တော်ပေမယ့် သာမန်အသုံးပြုသူ အများစုအတွက်ကတော့ ဖိုင်ဆိုက်သေးသေးနဲ့ သုံးရလွယ်တဲ့ AndroVid က ပိုသင့်တော်ပါ တယ်။ ပလေးစတိုးမှာလည်း နာမည်ကြီးတဲ့ Kine Master က rating 4.4 ပဲ ရထားပေမယ့် AndroVid ကတော့ 4.6 အထိ ရထားပါတယ်။ ဒီအက်ပလီကေးရှင်းကို ပလေးစတိုးမှာ Andro Vid - Video Editor Fogosoft Ltd လို့ ရိုက်ရှာ နိုင်ပြီး ဖိုင်အရွယ်အစားက 33MB ပဲရှိပါတယ်။ အန်းဒရွိုက်ဗားရှင်း 5.0 နဲ့အထက် ဖုန်းအားလုံး မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ကျော်ဇင်ဦး