ဘဝနတ်ထံပျံလွန်တော်မူ

 

နေပြည်တော်   အောက်တိုဘာ  ၁၃


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပုခန်းကျောင်း တိုက်  ဦးစီးပဓာနနာယက  နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တဝိမလာ ဘိဝံသ  (အဘိဓဇမဟာရဋ္ဌဂုရု၊  အဘိဓဇအဂ္ဂမဟာ   သဒ္ဓမ္မဇောတိက)  မဟာထေရ်မြတ်ကြီးသည်    သက်တော် (၉၃) နှစ်၊   သိက္ခာတော် (၇၃)ဝါအရ ၁၃၈၃ ခုနှစ်၊  သီတင်းကျွတ်လဆန်း ၆ ရက်၊ (၁၁-၁၀-၂၀၂၁)၊ တနင်္လာနေ့၊   နံနက် ၀၉:၀၀ နာရီတွင်  ဘဝနတ်ထံ  ပျံလွန် တော်မူကြောင်းနှင့်     ဆရာတော်ကြီး၏     အန္တိမအဂ္ဂိဈာပနကို အောက်တိုဘာ ၁၇ ရက်တွင်     ကိုဗစ်-၁၉   စည်းမျဉ်းစည်းကမ်းများနှင့် အညီ     ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း    သာသနာရေးဦးစီးဌာနမှ   သတင်းရရှိသည်။                                         

သတင်းစဉ်