
နေပြည်တော် နိုဝင်ဘာ ၂၂
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ တိုက်ကျောင်းသစ်ဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တပါလိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) မဟာထေရ်မြတ်ကြီးသည် သက်တော်(၉၇)နှစ်၊ သိက္ခာတော်(၇၆)ဝါအရ ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ၂၂-၁၁-၂၀၂၁၊ တနင်္လာနေ့၊ နံနက် ၆:၃၀ နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း နှင့် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိ ဈာပနကို ၁-၁-၂၀၂၂ ရက်၊ စနေနေ့၊ မွန်းတည့် ၁၂:၀၀ နာရီတွင် တိုက်ကျောင်းသစ်(ဓာတ်တော် ကျောင်း)၌ ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်း များနှင့်အညီ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်း ရရှိသည်။
သတင်းစဉ်