ဘူးသီးတောင်မြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူ ၄၆၂ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ဘူးသီးတောင် အောက်တိုဘာ  ၇


ရခိုင်ပြည်နယ်     ဘူးသီးတောင် မြို့နယ်   စေတီတောင်ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ ၄၆၂ ဦးတို့ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး  Sinovac  ဒုတိယအကြိမ်  ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉  နာရီက စေတီတောင်ကျေးရွာ စာသင်ကျောင်း၌ စုရပ်ထားရှိကာ  ကာကွယ်ဆေး    ထိုးနှံပေးလျက် ရှိသည်။


အဆိုပါ      ကာကွယ်ဆေး   ထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး    ဦးစီးဌာနဝန်ထမ်း များက      စာရင်းများပြုစုခြင်း၊ မြို့နယ်    ကျန်းမာရေးဦးစီးဌာနမှ   ဝန်ထမ်းများက       ဆေးထိုးခြင်း မပြုမီ   ကိုယ်အပူချိန်  တိုင်းတာ ပေးခြင်း၊  သွေးပေါင်ချိန်  တိုင်းတာ ပေးခြင်း၊ သွေးအတွင်း  အောက် ဆီဂျင်    တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ပေးကြကာ  ပုံမှန်အခြေ အနေရှိမှသာ ကာကွယ်ဆေးထိုးနှံ ပေးပြီး ကျန်းမာရေးစောင့်ရှောက် မှုများ      ဆောင်ရွက်ပေးလျက် ရှိသည်။


အဆိုပါ  ကာကွယ်ဆေးထိုးနှံ နေမှုများကို ကျန်းမာရေးဝန်ထမ်း များ၊  မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန        ဝန်ထမ်းများ၊  သက်ဆိုင်ရာကျေးရွာ     အုပ်ချုပ် ရေးမှူးများပူးပေါင်း၍ ကျန်းမာ ရေး  လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)