
ဘူးသီးတောင် ဧပြီ ၁၂
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ပြည်သူများအေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ ကျင်းပ သော မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ဖျော်ဖြေရေး၊ ရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ နှင့် လုပ်ငန်းကော်မတီများက စီစဉ်ဆောင်ရွက်လျက်ရှိကြပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်များတွင် နှစ်သစ်မင်္ဂလာသင်္ကြန်တေးသီချင်းများ၊ ရိုးရာယဉ်ကျေးမှုအကများ၊ သင်္ကြန်ယိမ်းအကအလှ ယှဉ်ပြိုင်မှုများ၊ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေမှုများအပြင် လာရောက်ဆင်နွှဲသူများအား အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးသွားမည် ဖြစ်သည်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘိုးဘွားသက်ကြီး ပူဇော်ပွဲနှင့်အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)