
ဘူးသီးတောင် မတ် ၂၀
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကနဦး လိုအပ်ချက် ဆန်းစစ်လေ့လာမှုအစီရင်ခံစာ (Preliminary Needs Assessment-PN) တွင်ပါဝင်သော အကြံပြုချက်များနှင့်အညီ ရခိုင် ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးအတွက် အာဆီယံနှင့် မြန်မာ နိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား နည်းပညာဆိုင်ရာ လုပ်ငန်း အဖွဲ့၏ ပထမအဆင့်ဦးစားပေးစီမံကိန်း ခုနစ်ခုအား အကောင်အထည် ဖော်ဆောင်လျက်ရှိရာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း၌ မေယု FM ရေဒီယိုအစီအစဉ်များကို ဖမ်းယူနားဆင်မှုနှင့်ပတ်သက်၍ ပရိသတ်၏ သဘောထားအမြင်များအား စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက် ၈ နာရီမှစတင်၍ ဘူးသီးတောင်မြို့ မြို့ပေါ်ရပ်ကွက်ရှိ သပြေကုန်းရပ်ကွက်၊ မြို့သစ်တောင်ရပ်ကွက်၊ မီးရထားဆိပ်ရပ်ကွက်၊ နှင့် တောင်ရပ်ကွက်များသို့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း မြေပြင် ကွင်းဆင်း၍ ဆောင်ရွက်ခဲ့သည်။
မေယု FM ရေဒီယို နားထောင်မှုဆိုင်ရာ စစ်တမ်းကောက်ယူရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံ(ဘူးသီးတောင်)မှ စက်ရုံတာဝန်ခံ ဦးညီညီသန့်တို့က မေယု FM ရေဒီယိုနားထောင်မှုဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက် များနှင့်အညီ မေယု FM ရေဒီယိုနားထောင်မှုဆိုင်ရာ စစ်တမ်းများ ကောက်ယူခဲ့ပြီး စစ်တမ်းဖြည့်သွင်းသူများထံ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)