
မောင်တော ဖေဖော်ဝါရီ ၂၄
ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာ နှစ်တွင် ပြည်နယ်အစိုးရရန်ပုံငွေ ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိ သော ကျေးလက်လမ်းလုပ်ငန်း များအား တာဝန်ရှိသူများ ယမန် နေ့က ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြင်ရှည်-အုတ်တောင် - မြောက်ချောက် ကျေးရွာသွားလမ်းအရှည် ၃ ဒသမ ၁ ကီလိုမီတာ၊ မြေသားတာပေါင် ပြုပြင်ပြီး ၄ ဒသမ ၂၇ မီတာ ၊ အကျယ် ၁၅၀ မီလီမီတာ၊ ထု ၅၀- ၁၀၀ မီလီမီတာ၊ ခွဲကျောက် ခင်းကြိတ်ခြင်းနှင့် ဗြုန်းကျောက် စရစ် ၇၅ မီလီမီတာထုခင်းကြိတ် ခြင်း လုပ်ငန်းများအား စိုင်းဒင် အားမာန်ကုမ္ပဏီမှ ၁ ဒသမ ၁ ကီလို မီတာ ၊ မေယုရွှေမြေအာရှ ကုမ္ပဏီမှ ၁ ဒသမ ၀ ကီလိုမီတာ၊ စိုင်းဒင်သာ ကုမ္ပဏီမှ ၁ ဒသမ ၀ ကီလိုမီတာ ဆောင်ရွက်နေမှု အခြေအနေများကို မောင်တော ခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုး ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွန်းရန်နိုင်သူ ၊ ဘူးသီး တောင်မြို့နယ် တာဝန်ခံ အငယ်တန်း အင်ဂျင်နီယာ -၂ (မြို့ပြ) ဦးမင်း ဆွေဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးရာ သက်ဆိုင် ရာကုမ္ပဏီမှ တာဝန်ခံများက လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြခဲ့ ကြပြီး သတ်မှတ်ကာလ ဘဏ္ဍာရေး နှစ်အတွင်း စံချိန်၊ စံညွှန်း အရည် အသွေး ပြည့်မီစွာ အချိန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)