ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီး စော်ကားနေသည့် အကြမ်းဖက်သမားများအား ကန့်ကွက်ရှုတ်ချပွဲကျင်းပ

 

ဘားအံ   ဇန်နဝါရီ    ၁၃
ဗုဒ္ဓဘာသာဝင်များ၏   အထွတ် အမြတ်ထားရာ  စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး စော်ကားနေသည့်  အကြမ်းဖက် သောင်းကျန်းသူများနှင့်သာသနာ ဖျက်   မိစ္ဆာများအား   ကန့်ကွက် ရှုတ်ချပွဲကို ဘားအံမြို့ အမှတ်(၁)ရပ်ကွက် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အားကစား ကွင်း၌ ယနေ့ ညနေ ၄နာရီ မိနစ် ၂၀ တွင် ကျင်းပပြုလုပ်သည်။
အဆိုပါ    ကန့်ကွက်ရှုတ်ချပွဲ တွင် သံဃာတော်များ၊ သာသနာ့ နွယ်ဝင်   သီလရှင်များ၊    မျိုးချစ် ပြည်သူများက အမှတ်(၁) အခြေခံ ပညာ    အထက်တန်းကျောင်း အားကစားကွင်း၌      စုရပ်ပြု၍ မဲဘောင်    ဘုန်းကြီးကျောင်းမှ တစ်ဆင့် အမှတ်(၁) ကျောင်းကား လမ်းမအတိုင်း စီတန်းလှည့်လည် ၍   “ဗုဒ္ဓဘာသာကို   စော်ကား ဖျက်ဆီးနေကြသည့် မိစ္ဆာများအား ဆန့်ကျင်ကြ၊   စေတီပုထိုးနှင့် ဗုဒ္ဓ ဆင်းတုတော်များအား  ဖျက်ဆီး နေကြသည့်  အကြမ်းဖက်သမား များနှင့်  သာသနာဖျက်များအား ဆန့်ကျင်ကြ၊        အကြမ်းဖက် အားပေး လောက်ကောင်များအား အလိုမရှိ၊ ဗုဒ္ဓသာသနာကို ဖျက်ဆီး စော်ကားနေသည့်  အကြမ်းဖက် သမားများကျဆုံးပါစေ” စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော် ကာ အဆိုပါစာသားပါ ဆိုင်းဘုတ် များ၊     နိုင်ငံတော်အလံများ၊ သာသနာ့အလံများကိုင်ဆောင်၍ စီတန်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ ကြပြီး  အမှတ်  (၁)  အခြေခံပညာ အထက်တန်းကျောင်း အားကစား ကွင်းအတွင်း၌      အကြမ်းဖက် သောင်းကျန်းသူများနှင့် သာသနာ ဖျက်မိစ္ဆာများအား    ကန့်ကွက် ရှုတ်ချကြောင်း      ဟောပြော၍ ကန့်ကွက်ရှုတ်ချပွဲကို   ရုပ်သိမ်းခဲ့ သည်။ 
ကန့်ကွက်ရှုတ်ချပွဲသို့ ဘားအံ မြို့နယ်အတွင်းမှ     သံဃာတော် များ၊  သာသနာ့နွယ်ဝင်သီလရှင် များနှင့် မျိုးချစ်ပြည်သူများ စုစု ပေါင်းအင်အား ၁၇၀၀ ခန့်တို့က တစ်ခဲနက် တက်ရောက်ကန့်ကွက် ရှုတ်ချခဲ့ကြကြောင်း  သတင်းရရှိ သည်။ 
သတင်းစဉ်