ရန်ကုန် ဇူလိုင် ၇
ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန (DITP) က ဦးစီး၍ ဘန်ကောက်မြို့ရှိ IMPACT, Muang Thong Thani ခန်းမ၌ စက်တင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် (၆၇) ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်ရတနာပြပွဲ ၂၀၂၂ သို့ မြန်မာနိုင်ငံမှ ကုမ္ပဏီများ ပါဝင်တက်ရောက်နိုင်ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် ပါဝင်ပြသခြင်းဖြင့် မြန်မာ့ကျောက်မျက် လက်ဝတ်ရတနာပစ္စည်းများအတွက် ဈေးကွက်သစ်များ ရှာဖွေရရှိ နိုင်ပြီး နိုင်ငံတကာစီးပွားရေး အခွင့်အလမ်းသစ်များ ဖော်ထုတ်နိုင် မည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီတစ်ခုလျှင် ပြခန်း တစ်ခန်း ပါဝင်ပြသနိုင်မည်ဖြစ်ကာ ပြခန်းဆယ်ခန်းကို အပြည်ပြည် ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (DITP) က အခမဲ့ပံ့ပိုးပေးမည် ဖြစ်သည်။
အဆိုပါပြပွဲသို့ စိတ်ပါဝင်စား၍ ပါဝင်တက်ရောက်လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဇူလိုင် ၈ ရက် နောက်ဆုံး ထားပြီး မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေး ဌာနခွဲ၊ အီးမေးလ် moctradefair@myantrade.gov.mm သို့ တိုက်ရိုက်ချိတ်ဆက်၍ အမည်စာရင်း ပေးသွင်းနိုင်ပါကြောင်းနှင့် ပါဝင်တက်ရောက်မည်ဆိုပါက အမည်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း/ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာတို့ကို MRCCI အီးမေးလ် (mrcci.mdy@gmial.com) သို့ မိတ္တူပေးပို့ လျှောက်ထားနိုင်ကြောင်း သိရသည်။
ကိုရိုး



