
နေပြည်တော် မေ ၉
ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ မီးသတ်ဦးစီးဌာနမှ မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် အရေးပေါ်ပြုစု ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရခိုင် ပြည်နယ်အတွင်းရှိ ကျောက်တော်မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ စစ်တွေမြို့နယ်၊ တောင်ကုတ် မြို့နယ်၊ ပေါက်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မင်းပြားမြို့နယ်၊ မာန်အောင်မြို့နယ်၊ မောင်တော မြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းဗြဲမြို့ နယ်၊ သံတွဲမြို့နယ်၊ အမ်းမြို့နယ် စသည့်မြို့နယ် ၁၄ ခုရှိ မီးသတ်စခန်းများတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေပြည်သာမြို့နယ်နှင့် လှိုင်မြို့နယ် စသည့်မြို့နယ်နှစ်ခုရှိ မီးသတ်စခန်းများ တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ ကန်ကြီးထောင့်မြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ပုသိမ်မြို့နယ်၊ မအူပင်မြို့နယ်၊မော်လမြိုင်ကျွန်းမြို့နယ်၊ လပွတ္တာမြို့နယ်၊ ဝါးခယ်မ မြို့နယ်နှင့် ဟင်္သာတမြို့နယ် စသည့်မြို့နယ် ကိုးခုရှိ မီးသတ်စခန်းများတွင်လည်းကောင်း မုန်တိုင်းဘေး အန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် အရေးပေါ် ပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် အသင့်ကြိုတင်ပြင်ဆင် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များ၊ ခရိုင်များ၊ မြို့နယ်များ အလိုက် ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်