
“မရှိအတူ ရှိအတူ”မှ
ပြည်သူတစ်သင်း၊ ညီညွတ်ခြင်းနှင့်
ချစ်ခြင်းညီမျှ၊ ပေါကြွယ်ဝဖို့
စွမ်းစပို့ဆောင်၊ ပြည်ထောင်စုသား
အများတောင့်တ “တရားမျှတ
လွတ်လပ်ကြခြင်း”၊ အားမာန်တင်းလျက်
အသက်သွေးချွေး၊ စတေးရယူ
အောင်လံထူခဲ့ တို့မြန်ပြည်။
“အေးအတူ ပူအမျှ ခံယူကြ” ၍
“ခွင့်တူညီမျှ၊ ဝါဒဖြူစင် ”
ကြည်လင်ငြိမ်းချမ်း၊ ရှေ့သို့လှမ်း၍
ငြိမ်းချမ်းလူ့ဘောင်၊ ကြိုးပမ်းဆောင်ကြ
အောင်မြင်ကြစေ တို့ရဲ့မြေ။
ကိုယ့်ခွန်ကိုယ့်အား၊ ကိုယ့်အင်အားနှင့်
ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်အမျိုးသား
ကျိုးစီးပွားသာ၊ ယုံကြည်စွာထား
“ပြည့်အင်အားဟာ၊ ပြည်တွင်းမှာရှိ”
မြတ်အသိစိတ်၊ လွှမ်းဖိတ်ရွှင်ပြုံး
စည်းလုံးစွာနေ တို့တစ်တွေ။
“သမဂ္ဂါနံ တပေါ သုခေါ”
ဗုဒ္ဓဟောကြား၊ မြတ်တရားလာ
“ညီညွတ်ခြင်းဟာ၊ ချမ်းသာရာအကြောင်း”
အကျင့်ကောင်းနှင့်၊ နည်းကောင်းကျင့်ထုံး
ကိုယ်စီသုံးကာ၊ ပြည်ရွာသာကြောင်း
ရန်အောင်ကြောင်းမို့၊ စုပေါင်းညီညာ
ခါခါရှေးရှု၊ လွတ်လပ်မှုတွေ
ပြည်ထောင်စုအမွေ၊ ငါတို့မြေတွင်
အစဉ်တည်တံ့ ခိုင်ခံ့စေ။
လက်တွဲကာကွယ် ညီကြစေ။
တို့ပြည် တို့မြေ ဘိုးဘွားအမွေ။ ။
ကျော်စွာမိုးနိုင်