ဗဟိုအဖွဲ့အနေဖြင့် ပထမဦးဆုံး ဖွင့်လှစ်မည့်သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း ဖွင့်လှစ်ရန် ပြင်ဆင်သတ်မှတ်ခဲ့ပြီး သတ်မှတ်ရက်အတိုင်းဖွင့်လှစ်နိုင်ရေး အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်    ဧပြီ    ၂


ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) ကို   ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန   အစည်းအဝေး ခန်းမ၌   ကျင်းပရာ    ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်     ဒုတိယ ဝန်ကြီးချုပ်နှင့်          ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့  ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့        ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး  (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊  အတွင်း ရေးမှူး   စစ်ရေးချုပ်  ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့            အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊  နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်        တာဝန်ရှိသူများ တက်ရောက်ကြပြီး   တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့်  တိုင်းဒေသ ကြီးနှင့်ပြည်နယ်       ဝန်ကြီးချုပ်များက Online မှ တက်ရောက်ကြသည်။


လုပ်ငန်းစဉ်များ ချမှတ်ပေး


အစည်းအဝေးတွင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်       ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး       ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးနှင့်စပ်လျဉ်း၍   အစည်းအဝေး   ၅ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဗဟို အဖွဲ့အနေဖြင့် လုပ်ငန်းအဖွဲ့များ အဆင့်ဆင့် ဖွဲ့စည်း တာဝန်ပေးအပ်ပြီး ရည်မှန်းချက် တာဝန်များပြီးမြောက်ရေး  အရှိန်အဟုန် ဖြင့်    ဆောင်ရွက်ခဲ့ပါကြောင်း၊       မြေပြင် တွင် လက်တွေ့ဆောင်ရွက်နေကြသည့် နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီး နှင့်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊        အတွင်းရေးမှူးများက တွေ့ကြုံနေသည့်       အခက်အခဲများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်း စဉ်များအလိုက်    ဆောင်ရွက်ထားရှိမှု အခြေအနေများ၊  ရှေ့ဆက်လက်ဆောင် ရွက်မည့် အစီအမံများ ရှင်းလင်းတင်ပြခဲ့ မှုအပေါ်   ဗဟိုအဖွဲ့ဥက္ကဋ္ဌနှင့်   ဒုတိယ ဥက္ကဋ္ဌတို့က သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများနှင့်   ပေါင်းစပ်ညှိနှိုင်း၍ အားနည်းချက်၊   အားသာချက်များကို သုံးသပ်ပြီး  ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ပေးခဲ့ပါကြောင်း။


နည်းဥပဒေထုတ်ပြန်


ပြည်သူ့စစ်မှုထမ်းနည်းဥပဒေရေးဆွဲ ထားရှိမှုကို ဗဟိုအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး၊ ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးအဖွဲ့များက တင်ပြလာသည့် အကြံပြု ချက်များမှ        ပြင်ဆင်သင့်သည်များ၊  ဖြည့်စွက်သင့်သည်များကို          ပြင်ဆင် ဖြည့်စွက်၍   အပြီးသတ်ရေးဆွဲထားသည့် နည်းဥပဒေ(မူကြမ်း)အား        ရေးထုံး ရေးနည်းစိစစ်ရန်နှင့် ဥပဒေကြောင်းအရ သဘောထား    ပြန်ကြားပေးရန်   ဥပဒေ ရေးရာဝန်ကြီးဌာနသို့  ပေးပို့ထားပြီးဖြစ်ပါ ကြောင်း၊     ဥပဒေရေးရာဝန်ကြီးဌာနမှ ရေးထုံးများစိစစ်ပြီး   အကြံပြုချက်များ ပေးပို့လာပါက အကြံပြုချက်များနှင့်အညီ ပြင်ဆင်ဖြည့်စွက်၍ လုံခြုံရေး၊ တည်ငြိမ် ရေး၊   တရားဥပဒေစိုးမိုးရေးကော်မတီမှ တစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးသို့တင်ပြ၍ အတည်ပြုချက်ရယူပြီး နည်းဥပဒေ ထုတ်ပြန်နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။


စိုးရိမ်စိတ်ကို လျော့ကျစေမည်


ဗဟိုအဖွဲ့အနေဖြင့်      ပထမဦးဆုံး ဖွင့်လှစ်မည့်သင်တန်းကို      ၂၀၂၄     ခုနှစ်၊ ဧပြီလအတွင်း    ဖွင့်လှစ်ရန်   ပြင်ဆင် သတ်မှတ်ခဲ့ပြီး   သတ်မှတ်ရက်အတိုင်း ဖွင့်လှစ်နိုင်ရေး           အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ပြည်သူ့ စစ်မှုထမ်းဥပဒေကို          ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြည်သူ့ စစ်မှုထမ်းဆိုင်ရာ       သိကောင်းစရာ လက်ကမ်းစာစောင်များအား   ပြန်ကြား ရေးဝန်ကြီးဌာန၊       တိုင်းဒေသကြီး/ပြည်နယ်  အစိုးရနှင့်ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)တို့၏     အစီအစဉ်ဖြင့် ပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးခဲ့ပြီးဖြစ် ပါကြောင်း၊   မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားတို့မှလည်း ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ   သတင်း များ၊ TV Spot ၊ ဆောင်းပါးများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ       သတင်း ထုတ်ပြန်ရေးအဖွဲ့၏ ပြည်သူသို့ အသိပေး ပြောကြားချက်များ စသည်ဖြင့်  ထုတ်လွှင့် ပေးခဲ့ပြီး နိုင်ငံပိုင်နေ့စဉ်ထုတ်သတင်းစာ များမှလည်း   ပြည်သူ့စစ်မှုထမ်းဆိုင်ရာဆောင်းပါးများ၊ ကဗျာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်     သိရှိနိုင်စေရေး ဖော်ပြပေးလျက်ရှိပါကြောင်း၊   နိုင်ငံပိုင် သတင်းစာများတွင်    ဖော်ပြထားသည့် ဆောင်းပါးများကိုလည်း   အများပြည်သူ ကြည့်ရှုနိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာန Webportal တွင် တင်ပေးထားပါကြောင်း၊ ပြည်သူလူထုအတွင်း ထင်ယောင်ထင်မှား ဖြစ်စေမည့်  ကောလာဟလသတင်းများ၊ သတင်းတုသတင်းမှားများ  မဖြစ်စေရေး နှင့် ပြည်သူလူထုအတွင်း သတင်းမှန်များ အချိန်တိုအတွင်း   ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရေး ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အချက်အလက်များအား  ဆက်သွယ်ရေး Mobile Operator  ၄ ခုမှ တစ်ဆင့် Short Message Service (SMS)များ ပေးပို့လျက် ရှိပါကြောင်း၊    ဥပဒေပါ    ကင်းလွတ်ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်များအပြင်   ဗဟိုအဖွဲ့ အစီအစဉ်ဖြင့်         သတ်မှတ်ထားသည့် ကင်းလွတ်ခွင့်၊    ပေါ့လျော့ခွင့်၊   ယာယီ ရွှေ့ဆိုင်းခွင့်များကို ပြည်ထောင်စုဝန်ကြီး ဌာန/အဖွဲ့အစည်းများ၊   နေပြည်တော် ကောင်စီ၊  တိုင်းဒေသကြီးနှင့်ပြည်နယ် များသို့   ဖြန့်ဝေပေးထားသဖြင့်   နိုင်ငံ့ ဝန်ထမ်းများကို အသိပညာပေးဟောပြော ခြင်း၊   ပြည်သူများသို့  ထပ်ဆင့်ရှင်းလင်း ခြင်းများ ဆောင်ရွက်ရာတွင် အထောက် အကူပြုနိုင်ပြီး ပြည်သူများ၏ စိုးရိမ်စိတ် ကို လျော့ကျစေမည်ဖြစ်ပါကြောင်း။


အလေးအနက်ထားဖြေကြားပေး


ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များကို   ပြည်သူများမှ   သိရှိလို သည်များ စုံစမ်းမေးမြန်းခြင်း၊ သတင်းပို့ခြင်းများဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေး        ဗဟိုအဖွဲ့ရုံးနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်တို့တွင်       ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့်ဆိုင်သော စုံစမ်းမေးမြန်း နိုင်သည့် တယ်လီဖုန်းများ တပ်ဆင်ပေး ထားပြီး ဖုန်းနံပါတ်များကိုလည်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပေးလျက်ရှိပါ ကြောင်း၊ စုံစမ်းမေးမြန်းနိုင်သည့် ဖုန်းများ တပ်ဆင်ပြီးချိန်မှစ၍   ပြည်သူလူထုက စိတ်ပါဝင်စားစွာ   စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ကို     တွေ့ရပါကြောင်း၊ ပြည်သူလူထု၏ စုံစမ်းမေးမြန်းမှု၊ သတင်း ပေးပို့ ဆောင်ရွက်ချက်များအပေါ် အလေး အနက်ထား ဖြေကြားဆောင်ရွက်ပေးကြ ရန် မှာကြားလိုပါကြောင်း။


စနစ်တကျမှတ်တမ်းတင်ထိန်းသိမ်း


ပြည်သူ့စစ်မှုထမ်း    ဆင့်ခေါ်ရာတွင် စာရင်းဇယားများပြုစုရာ၌   စနစ်တကျ ဖြစ်စေရေးနှင့် SOP တွင်သတ်မှတ်ပေး ထားသည့်   ပုံစံများ   ဖြည့်သွင်းရာတွင် တစ်ပြေးညီဖြစ်စေရေးအတွက် ဗဟိုအဖွဲ့ မှ   Excle   Format   များ  ရေးဆွဲ၍ နေပြည်တော်ကောင်စီနှင့်  တိုင်းဒေသ ကြီး/ ပြည်နယ်များသို့ ဖြန့်ဝေပေးထားပြီး ဖြည့်သွင်းမည့်အချက်များအား နည်းစနစ် မှန်ကန်စွာ  ဖြည့်သွင်းနိုင်ရန် Online မှ သင်တန်းပို့ချပေးခဲ့ပါကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှလည်း  မြို့နယ် အဖွဲ့များအထိ ဆင့်ပွားသင်တန်းများပို့ချ သွားရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း  ဆင့်ခေါ်ရေးဆိုင်ရာ အချက်အလက်များကို        စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းထားနိုင်ရေး စီမံ ဆောင်ရွက်သွားရန်      လိုအပ်မည်ဖြစ်ပါ ကြောင်း။


ပြည်သူ့စစ်မှုထမ်း     ဆင့်ခေါ်ရေး စာရင်းကောက်ယူခြင်း၊ ဆေးစစ်ခြင်းနှင့် အကျုံးဝင်သူများကို  ဆင့်ခေါ်ခြင်းများဆောင်ရွက်လျက်ရှိရာ   ပေးပို့လာသည့် စာရင်းများတွင်   ပြည်သူ့စစ်မှုထမ်းရန် ကိုယ်တိုင်ဆန္ဒပြုသူ များစွာပါဝင်သည်ကို တွေ့ရပါကြောင်း၊ သို့သော်လည်း ဆန္ဒပြု သူများအနေဖြင့်  အမှန်တကယ်        ဆန္ဒပြုသူများဖြစ်ရန် လိုအပ်ပြီး  အတင်းအကျပ် ဆန္ဒပြုစေခြင်း မျိုး မရှိစေရေး အောက်ခြေတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရပ်/ကျေးအဆင့်  တာဝန်ရှိသူများအား သေချာစွာ ကြပ်မတ်လမ်းညွှန်ရန် လိုအပ် ပါကြောင်း။


သတင်းတု၊ သတင်းမှားများဖြန့်ဝေ


ပြည်သူ့စစ်မှုထမ်း        ဆင့်ခေါ်ရေး ဆောင်ရွက်နေမှုအပေါ်  ဆန့်ကျင်ဘက် အဖွဲ့အစည်းများက လူမှုကွန်ရက်များ တွင် သတင်းတု၊  သတင်းမှားများ  ဖြန့်ဝေ ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့်         တာဝန်ရှိသူများအား ခြိမ်းခြောက်မှုများ ဆောင်ရွက်နေသည်ကို တွေ့ရှိနေရပါကြောင်း၊         သတင်းတု၊ သတင်းမှားဖြန့်ဝေသူများ၊ ခြိမ်းခြောက်သူ များအား   ဖော်ထုတ်၍   ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုမှ သတင်းပေးလာမှုအပေါ် တာဝန်ရှိအဖွဲ့အစည်းများက   သတင်း အဖြစ်သာထားရှိခြင်းမပြုဘဲ အဆင့်ဆင့် ဖော်ထုတ်     အရေးယူဆောင်ရွက်ရန်လို မည်ဖြစ်ပါကြောင်း၊ သို့မှသာ သတင်းတု၊ သတင်းမှား ဖြန့်ဝေခြင်းနှင့် ခြိမ်းခြောက်မှု များ လျော့နည်းသွားမည်ဖြစ်ပါကြောင်း။


အလေးထားဆောင်ရွက်


နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး  သို့မဟုတ်    ပြည်နယ်စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့      ဥက္ကဋ္ဌများအနေဖြင့် တွေ့ကြုံရသည့် အခက်အခဲများ၊  လုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများ၊  နည်း ဥပဒေနှင့်စပ်လျဉ်းသည့်   အကြံပြုချက် များကို   တင်ပြပေးစေလိုပါကြောင်း၊    ပြည်သူ့စစ်မှုထမ်းသင်တန်းများ စဉ်ဆက် မပြတ် ဖွင့်လှစ်နိုင်ရေးနှင့် သတ်မှတ်အရေ အတွက်    ပြည့်မီစွာ  သင်တန်းစေလွှတ် တက်ရောက်နိုင်ရေး         အလေးထား ဆောင်ရွက်ကြစေလိုပါကြောင်း၊    ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး     ဗဟိုအဖွဲ့ဝင်များ ကလည်း  အကြံပြုဆွေးနွေးပေးကြစေလို ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြည်သူများ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ    ကိစ္စရပ် များနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်ရန် အတွက်   တိုင်းဒေသကြီးနှင့်  ပြည်နယ် အလိုက် ဖွင့်လှစ်ထားသည့် Call Center များ တွင်    တာဝန်ထမ်းဆောင်ကြသူများကို 
ယဉ်ကျေးစွာ   ပြောဆိုဖြေကြားနိုင်သူ များအား တာဝန်ပေးအပ်ပြီး ပြည်သူများ က   သိရှိလိုသည်များ   မေးမြန်းမှုအပေါ် အလေးအနက်ထား ဖြေကြားရန် လိုအပ် ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ကိစ္စရပ်များအား မြေပြင်တွင် ဆောင်ရွက် နေကြသူများအနေဖြင့်   စစ်မှုထမ်းရန် အကျုံးဝင်သူများအား    စာရင်းဇယား မှန်ကန်တိကျစွာဖြင့် မသမာမှုမရှိစေရေး ကြပ်မတ်  ဆောင်ရွက်သွားကြရန်နှင့်  ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ်  ပြည်သူ များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေးလုပ်ငန်းများ   စဉ်ဆက် မပြတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။ 


ဆက်လက်၍    ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီ၊   တိုင်းဒေသကြီးနှင့်    ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ    ကိစ္စရပ်များနှင့် စပ်လျဉ်း၍   သက်ဆိုင်ရာကဏ္ဍအလိုက်  ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များ           ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


စနစ်တကျရိုက်ကူးမှတ်တမ်းတင်


ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်   ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိဂုံးချုပ်  အမှာစကားပြောကြားရာတွင်  ပြည်သူ့စစ်မှုထမ်းတာဝန်  ထမ်းဆောင် ကြမည့်သူများအနေဖြင့် သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် မလိုလားအပ်သည့် အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ  မဖြစ် ပေါ်စေရေး၊ စည်းကမ်းစနစ်တကျဖြစ်စေ ရေး    ကြပ်မတ်ဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဆောင်ခြင်း  ကိစ္စရပ်များသည် စဉ်ဆက် မပြတ်ဆောင်ရွက်ရမည့်   ကိစ္စရပ်များ ဖြစ်သဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အလိုက် စစ်မှုထမ်းရန်သတ်မှတ် ရည်မှန်းချက်  ပြည့်မီစေရေး အလေးထား ဆောင်ရွက်ကြရန်နှင့် လေ့ကျင့်သင်ကြား စဉ်ကာလ   ဆောင်ရွက်ချက်များအပေါ် မှတ်တမ်း/မှတ်ရာများ      စနစ်တကျ ရေးသားပြုစုထိန်းသိမ်းခြင်း၊    မှတ်တမ်း ဓာတ်ပုံ/ဗီဒီယိုများ    စနစ်တကျရိုက်ကူး မှတ်တမ်းတင်ခြင်းများ ပြုလုပ်ဆောင်ရွက် ထားကြရန်       လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။                    

သတင်းစဉ်