
နေပြည်တော် အောက်တိုဘာ ၂၈
ဘိလပ်မြေ လုပ်ငန်းရှင်များ အသင်း ပြန်လည်ဖွဲ့စည်းနိုင်ရေး နှင့် ဘိလပ်မြေစက်ရုံများ စက် စွမ်းအားပြည့် လည်ပတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယ ဝန်ကြီး၊ အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး၊ ဘိလပ်မြေ ထုတ်လုပ် သည့် လုပ်ငန်းရှင်များ၊ စက်ရုံ မှူးများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် သည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ ဘိလပ်မြေလုပ်ငန်းရှင် များအသင်းအဖွဲ့ (Myanmar Cement Association – MCA) ဖွဲ့စည်းနိုင်ရေးအတွက် အသင်း အဖွဲ့မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း ၍ စက်မှုဝန်ကြီးဌာနမှ ထောက်ခံ အတည်ပြုခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံ ဘိလပ်မြေလုပ်ငန်းရှင်များ အသင်းသည် မြန်မာနိုင်ငံလုံး ဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် အတွက် လုပ်ထုံးလုပ်နည်းများနှင့် အညီ အသစ်ပြန်လည်ဖွဲ့စည်းနိုင် ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးစေလိုကြောင်း၊ “ဆောက်လုပ် ရေး လုပ်ငန်းများအတွက် လိုအပ် သော ဘိလပ်မြေများကို ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံ များမှ စက်စွမ်းအားပြည့် လည်ပတ်၍ အရည်အသွေး ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် ဘိလပ်မြေ ထုတ်လုပ်ရာတွင် စွမ်းအင် ချွေတာနိုင်ရန်အတွက် Wet Method မှ Dry Method သို့ ပြောင်းလဲဆောင်ရွက်ရန်” နှင့် “ပြည်တွင်းဘိလပ်မြေ လုပ်ငန်း အား အားပေးရမည်ဖြစ်ကြောင်း၊ ပြည်တွင်းဘိလပ်မြေ အရည် အသွေး ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် ပြည်ပဘိလပ် မြေ တင်သွင်းမှုကို လျော့ကျသွား စေရေးဆောင်ရွက်ရန်” နိုင်ငံတော် ဝန်ကြီးချုပ်က လမ်းညွှန်မှာကြား ထားပါကြောင်း။
ပြည်တွင်း ဘိလပ်မြေစက်ရုံ များအနေဖြင့် စက်ရုံအလိုက် သတ်မှတ်ထားသည့် စံချိန်စံညွှန်း များအတိုင်း ထုတ်လုပ်နေသော် လည်း မြန်မာနိုင်ငံမှ သတ်မှတ် ထားသည့် စံချိန်စံညွှန်းများနှင့် လည်း ကိုက်ညီရန်အရေးကြီး ပါကြောင်း၊ ပြည်တွင်းထုတ် ဘိလပ်မြေများနှင့် ပြည်ပမှ တင်သွင်းလာသည့် ဘိလပ်မြေ များ၏ အရည်အသွေးများကို စစ်ဆေးနိုင်ရေးအတွက် ဓာတ်ခွဲ ခန်းများ ထူထောင်လျက်ရှိပါ ကြောင်း၊ ထုတ်လုပ်သူ လုပ်ငန်း ရှင်များအနေဖြင့် ဈေးကွက်ကို မျက်ခြည်မပြတ် လေ့လာစောင့် ကြည့်နေရမည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် Wet Process သည် စွမ်းအင်ပိုမိုသုံးစွဲ ရ၍ တစ်ယူနစ်ထုတ်လုပ်မှု စရိတ်မြင့်မားသောကြောင့် စီးပွား ရေးတွက်ခြေကိုက်မှုရှိအောင် Dry Process ကို ပြောင်းလဲဆောင်ရွက် သင့်ကြောင်း၊ Myanmar Cement Association ဖွဲ့စည်းပြီးပါက ဘိလပ်မြေ ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များ၏ တွေ့ကြုံနေရ သည့်အခက်အခဲများကို ဝိုင်းဝန်း ကူညီ ဖြေရှင်းပေးနိုင်ခြင်း၊ သတ် မှတ်ထားသည့် စံချိန်စံညွှန်း များအတိုင်း ထုတ်လုပ်နိုင်ရေး ကြပ်မတ်ပေးနိုင်ခြင်း၊ ဘိလပ် မြေသုံးစွဲသည့် လုပ်ငန်းရှင်/ ပြည်သူများအား အရည်အသွေး မီပြီး ဈေးနှုန်းသင့်တော်သော ဘိလပ်မြေများကို အသုံးပြုနိုင် စေခြင်း၊ နိုင်ငံတော်အတွက် လိုအပ်သော ဘိလပ်မြေများကို အရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီဖြည့်ဆည်းပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် Myanmar Cement Association တွင် အလွှာပေါင်းစုံမှ ကိုယ်စား လှယ်များဖြင့် ပြန်လည်ဖွဲ့စည်း နိုင်ရေး ဝိုင်းဝန်းအကြံပြု သုံးသပ် ဆွေးနွေးပေးရန် ဖိတ်ခေါ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာ သူများက စက်ရုံအလိုက် ကုန် ထုတ်လုပ်မှုလုပ်ငန်းများ ဆောင် ရွက်နေသည့်အခြေအနေ၊ တွေ့ ကြုံနေရသည့် အခက်အခဲများ၊ Myanmar Cement Association ဖွဲ့စည်းနိုင်ရေးအတွက် ဝိုင်းဝန်း အဆိုပြုဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်