ဘီးလင်းမြို့နယ်အတွင်း ဌာနဆိုင်ရာရုံးများတွင် ဗုံးခိုကျင်းများ တူးကြရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဇန်နဝါရီ   ၂၇
မွန်ပြည်နယ်       ဘီးလင်းမြို့နယ် အတွင်း   ဌာနဆိုင်ရာရုံးများတွင် ဗုံးခိုကျင်းများ         တူးကြရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ ညွှန်ကြားထားကြောင်း သတင်း တု၊ သတင်းမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများမှ  လူမှုကွန် ရက်ပေါ်တွင်  မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မွန်ပြည်နယ် ဘီးလင်းမြို့အတွင်း     ဌာနဆိုင်ရာရုံးများကို ညွှန်ကြားချက်ထုတ်ပြန်ထားခြင်း မရှိကြောင်းနှင့်       အများပြည်သူ     စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေရန်   ကောလာဟလ        သတင်းတု    ဖြန့်ဝေရေးသားခြင်းဖြစ်ကြောင်း    သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ  တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက် အရ သိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာများသည် နိုင်ငံတည်ငြိမ်အေးချမ်း မှုပျက်စီးစေရန်၊  ဒေသခံပြည်သူများ   စိုးရိမ်ထိတ်လန့်စေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းမှားများကို ရည်ရွယ် ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်