
ဘာလင် စက်တင်ဘာ ၁
၂၀၂၃ ခုနှစ် ITB Berlin ကို မတ် ၇ ရက်မှ ၉ ရက် အထိ Messe Berlin ၌ ကျင်းပရန် စီစဉ်ထားရှိပြီး နိုင်ငံများစွာမှ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ၊ ခရီးသွားကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းများ ပြန်လည်စုဝေးကြပြီး ခရီးသွားလုပ်ငန်းအတွက် ဖြစ်နိုင်သည့်အလားအလာများကို တွေ့ဆုံဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ITB Berlin ပြပွဲ၌ ပါဝင်ပြသရန် စိတ်ဝင်စားသည့် မြန်မာ ခရီးသွားလုပ်ငန်းများ ကုမ္ပဏီများအနေဖြင့် ပြပွဲနှင့်ပတ်သက်၍ ထပ်မံအသေးစိတ်သိလိုသော အချက်အလက်များကို https://www.itb.com/en/itb/itb-berlin-for-exhibitors.html တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း ဘာလင်မြို့ မြန်မာစီးပွားရေးသံမှူးထံမှ သိရသည်။
Host Country အဖြစ် ဂျော်ဂျီယာနိုင်ငံကို ရွေးချယ်ထားပြီး ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် မတ် ၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ITB Berlin Convention ကိုလည်း မြေပြင် Trade Show များ နှင့် တစ်ချိန်တည်းတွင် ကျင်းပရန် စီစဉ်ထားရှိပြီး ပြပွဲကာလအတွင်း တိုက်ရိုက်ထုတ်လွှင့်ပြသသွား မည်ဖြစ်သည်။
ITB Berlin (International Tourism Ex-change Berlin) ပြပွဲကို ခရီးသွားလာခြင်း (Tra-vel)၊ ခရီးသွားလုပ်ငန်း (Tourism)၊ ဧည့်ဝတ်ပြုခြင်း (Hospitality) လုပ်ငန်းကဏ္ဍများအား အတူတကွ ဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ကမ္ဘာတစ်ဝန်းမှ ခရီးသွားလုပ်ငန်းများ၏ ဗဟိုအချက်အချာတစ်ခု အနေဖြင့် ၁၉၆၆ ခုနှစ်ကတည်းကပင် ဘာလင် မြို့၌ Messe Berlin က ကြီးမှူး၍ နှစ်စဉ် စီစဉ် ကျင်းပခဲ့သည်။
၂၀၂၂ ခုနှစ်တွင် မတ် ၈ ရက်မှ ၁၀ ရက်အထိ ITB Berlin Convention ကို ITB Website မှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ကျင်းပ၍ Digitiza-tion, Sustainability နှင့် Resilience ပိုင်းတို့ကို ဦးတည်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုအစီအစဉ် အားလုံးကို ITB Berlin Youtube Channel ၌ ကြည့်ရှုနိုင်ပြီး မတ် ၁၇ ရက်တွင် ITB Berlin အတွက် Digital Business Day ကို ကျင်းပခဲ့သည်။
၂၀၂၃ ခုနှစ် ပြခန်း စာရင်းသွင်းခြင်းကို https:// www.itb.com/en/itb/ standregistration/ တွင် ဝင်ရောက်ပြုလုပ်နိုင်ပြီး စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားကာ စာရင်းသွင်း ပြုလုပ်နိုင်မည် ဖြစ်သည်။
ITB Berlin ၏ အကြီးအကဲဖြစ်သူ Mr. David Ruetz က ၂၀၂၃ ခုနှစ် ITB Berlin ၌ ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်ခြင်း တွေ့ဆုံဆွေးနွေး ခြင်းပြုလုပ်နိုင်ပြီး Clients များ၏ တောင်းဆို ချက်အရ တစ်ဦးနှင့်တစ်ဦး ကွန်ရက်ချိတ်ဆက်မှု များ၊ သတင်းအချက်အလက်ဖလှယ်ခြင်းများ ပြန်လည်ပြုလုပ်နိုင်ကြရန်အတွက် B 2 B Show ပုံစံဖြင့် ပိုမိုဦးစားပေးကျင်းပသွားရန် ရည်ရွယ် ကြောင်း ပြောကြားထားသည်။
ကိုရိုး