ဘားအံ၌ အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်

 

ဘားအံ  မတ်  ၂၉


အမှုထမ်းများ  အခြေခံရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲအခမ်း အနားကို မတ် ၂၈ ရက်က ကရင် ပြည်နယ်   သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌   ကျင်းပ သည်။ အဆိုပါ   သင်တန်းဖွင့်ပွဲ အခမ်းအနားသို့       ပြည်နယ်   သမဝါယမဦးစီးဌာနမှ   ဒုတိယ ညွှန်ကြားရေးမှူး  ဦးကျော်စွာဦး နှင့်တာဝန်ရှိသူများ၊   သင်ကြား ပို့ချပေးမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 


အမှုထမ်းများ    အခြေခံရုံး လုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို မတ် ၂၈ ရက်မှ  ၃၀  ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး  သင်တန်း သို့   ပြည်နယ်သမဝါယမဦးစီး ဌာနနှင့်   မြို့နယ်   လေးမြို့နယ် တို့မှ       အသစ်ခန့်အပ်ခဲ့သော အငယ်တန်းစာရေးဝန်ထမ်း ရှစ်ဦး    တက်ရောက်ကြသည်။   ယင်း သင်တန်းတွင်       သမဝါယမ အသင်းဥပဒေ၊    နည်းဥပဒေ၊ သမ ဝါယမ၊ ရုံးလုပ်ငန်း ဘာသာရပ်၊ ဘဏ္ဍာရေးစည်းမျဉ်းဘာသာရပ်၊ ဝန်ထမ်းစည်းမျဉ်း၊ အခြေခံစာရင်း ရေးနှင့် စာရင်းကိုင်ပညာ၊ အခြေခံ သမဝါယမအသင်းများတွင် ထားရှိ ရမည့်   စာရင်းဇယား   ရှစ်မျိုး ရေးသွင်းနည်း ဘာသာရပ်များကို သင်ကြားပို့ချ    ပေးသွားမည်ဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်