
ဘားအံ ဩဂုတ် ၃
ကရင်ပြည်နယ် ဘားအံမြို့၌ သံလွင်မြစ်ရေသည် ဩဂုတ် ၃ ရက်က စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၇၈၄ စင်တီ မီတာသို့ ကျော်လွန်မြင့်တက်လာ သည့်အပြင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဘားအံမြို့ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ်(၂)ရပ်ကွက်၊ ဆယ်အိမ်စု၊ အမှတ်(၅)ရပ်ကွက် အောင်နန်း(၅)လမ်း၊ အမှတ်(၁)ရပ်ကွက် အုတ်ဖို (၅)လမ်း၊ အမှတ်(၅)ရပ်ကွက် ရဲဘော်ဈေး၊ ရော်ဘာခြံ(၄/၅)လမ်း တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဝင်ရောက်သည့် နေရာများသို့ ခရိုင်၊ မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များက ရေဘေးအန္တရာယ် ကျရောက်ပါက ရေလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး ကြိုတင် ပြင်ဆင်ထားကြရန် လှည့်လည် ဆော်ဩပေးခြင်း၊ နီးစပ်ရာ ဆွေမျိုးများအိမ်သို့ ရွှေ့ပြောင်း ပေးခြင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင် ပြင်ဆင်ခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)