
ဘားအံ ဇန်နဝါရီ ၂
ကရင်သက္ကရာဇ် ၂၇၆၁ ခုနှစ်၊ ကရင်အမျိုးသား အလံတင်အခမ်းအနားကို ဇန်နဝါရီ ၂ ရက် နံနက် ၆ နာရီခန့်က ဘားအံမြို့ သီရိကွင်း၌ ကျင်းပသည်။
လွှင့်ထူ
ထို့နောက် ကရင်အမျိုးသားလူငယ်များ သယ်ဆောင်လာသော ကရင်အမျိုးသားအလံအား ကရင်အမျိုးသားသီချင်းကို စုပေါင်းသီဆို၍ ကရင် ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့် က တိုင်ထိပ်သို့လွှင့်ထူပေးပြီး ကရင်အမျိုးသား အလံအား အလေးပြုကြကာ အခမ်းအနားမှူးက ကရင်အမျိုးသားအလံတော်သမိုင်းကို ဖတ်ကြား သည်။
ယင်းနောက် နံနက် ၇ နာရီခန့်တွင် ကရင် နှစ်သစ်ကူးနေ့အခမ်းအနားကို သီရိကွင်း၌ ဆက်လက် ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို ကရင်ရိုးရာ ကျွဲချိုမှုတ်၍ ဖားစည်တီးကာ ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု ကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာ ကို သဘာပတိ ဦးစောခင်မောင်မြင့်က ဖတ်ကြား သည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်ထံမှပေးပို့သော ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာကို ကရင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဖတ်ကြားသည်။
ပေးအပ်
ထို့နောက် ကရင်တိုင်းသားလူငယ်မောင်မယ် များက ကရင်နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံအကျဉ်းကို ဗမာ၊ အရှေ့ပိုးကရင်၊ စကောဘာသာတို့ဖြင့် ဖတ်ကြားကြပြီး အခမ်းအနားမှူးက ဂုဏ်ပြုခံ အထင်ကရ သက်ကြီး ကရင်အဘိုးအဘွားများ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားကာ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုခံ အထင်ကရ သက်ကြီး ကရင်အဘိုးအဘွားများအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် ကရင်နှစ်သစ်ကူးနေ့အခမ်းအနား ကို တက်ရောက်လာကြသူများက စည်လုံးခြင်းသည် အင်အားဟု အဓိပ္ပယ်ရသော အောဟုအောဟောင် ကရင်တေးသီချင်းကို စုပေါင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)