ဘားအံမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

 

ဘားအံ   အောက်တိုဘာ   ၆


“ပညာရေး    ပြုပြင်ပြောင်းလဲမှု-ဆရာများကအစပြု”   ဆောင်ပုဒ် ဖြင့် ကရင်ပြည်နယ်   ကမ္ဘာ့ဆရာ များနေ့  အထိမ်းအမှတ်   အခမ်း အနားကို  အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီက    ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားကို       ဘားအံမြို့ အမှတ်   (၅)      အခြေခံပညာ အထက်တန်းကျောင်းမှ   ဆရာ ဆရာမများက        မြတ်ဆရာ တေးသီချင်းဖြင့်    ဂုဏ်ပြုသီဆို ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က    ကမ္ဘာ့ဆရာ များနေ့အထိမ်းအမှတ်   အခမ်း အနားသို့   ပေးပို့သည့်သဝဏ်လွှာ ကို           ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဖတ်ကြားသည်။

 


ထို့နောက်        ကုလသမဂ္ဂ လက်အောက်ခံ   အဖွဲ့(၅)ဖွဲ့၏ ခေါင်းဆောင်များက  ပေးပို့သော စုပေါင်းသဝဏ်လွှာကို    ကရင် ပြည်နယ်          ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါ်နန့်စယ်လီ လှိုင်က ဖတ်ကြားပြီး  အမှတ်(၄)အခြေခံပညာ        အထက်တန်း ကျောင်းမှ   ကျောင်းသူတစ်ဦးက “ဆရာ့ဂုဏ်အင်”       စာတမ်းကို ဖတ်ကြားသည်။

 


ယင်းနောက်        ပြည်နယ် ဝန်ကြီးချုပ်၊    ပြည်နယ်တရား လွှတ်တော်    တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့်    ပြည်နယ် အစိုးရအဖွဲ့ဝင်    ဝန်ကြီးများက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါး၊  စာစီစာကုံး၊ ကဗျာ၊ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများ      ပေးအပ်ချီးမြှင့် ကြပြီး (အပေါ်ပုံ)အမှတ်(၂)အခြေခံ ပညာ    အထက်တန်းကျောင်းမှ    ဆရာမ များနှင့်            ဘားအံမြို့ပေါ်ရှိ ကျောင်းအုပ်   ဆရာကြီးများက ဆရာ့ဂုဏ်ရည်သီချင်းဖြင့်  ဂုဏ်ပြု သီဆိုခဲ့ကြကာ    ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်    အခမ်းအနား သို့တက်ရောက်လာသော   ဆရာ ဆရာမများ၊   ဆောင်းပါး၊   စာစီ စာကုံး၊   ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား   ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍      အားပေး စကား ပြောကြားခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)