ဘားအံမြို့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားတွင် ဌာနဆိုင်ရာပြခန်းများ ခင်းကျင်းပြသ

 

ဘားအံ    ဇန်နဝါရီ   ၂


ကရင်ပြည်နယ်    ဘားအံမြို့၌ ကရင်သက္ကရာဇ်    ၂၇၆၁  ခုနှစ် ၂၀၂၂  ခုနှစ်   ဇန်နဝါရီ  ၂ ရက်တွင် ကျရောက်သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့  အခမ်းအနားကို    ယနေ့  နံနက်ပိုင်းက ဘားအံမြို့ သီရိကွင်းအတွင်း     ကျင်းပရာ  ဌာနဆိုင်ရာ ပြခန်းများ  ခင်းကျင်း ပြသကြောင်း သိရသည်။

 


ပြခန်းများ ခင်းကျင်းပြသရာ တွင်  ပြန်ကြားရေးနှင့်  ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန    ပြခန်း၊ ပညာရေးပြခန်း၊      ပြည်နယ် စည်ပင်သာယာရေးအဖွဲ့   ပြခန်း၊     ပြည်နယ်   ငါးလုပ်ငန်းဦးစီးဌာန ပြခန်း၊    လျှပ်စစ်နှင့်   စွမ်းအင် ဝန်ကြီးဌာနပြခန်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနပြခန်း၊     ပြည်နယ် လမ်းဦးစီးဌာနပြခန်း၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနပြခန်း၊   ကျန်းမာရေးပြခန်း၊ ပြည်နယ်ရဲတပ်ဖွဲ့ပြခန်း၊ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန ပြခန်း၊ စိုက်ပျိုးရေး၊      မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန  ပြခန်း၊  ကရင်    တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့ယဉ်ကျေးမှုအမွေအနှစ် ပြခန်းများ ခင်းကျင်းပြသထားရာ အခမ်းနားသို့   တက်ရောက်လာ သော     ပြည်နယ်ဝန်ကြီးချုပ်နှင့်     ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်    ပြည်သူများက လေ့လာကြည့်ရှုကြကြောင်း   သိရ သည်။


ခရိုင်(ပြန်/ဆက်)