အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ တေရသမအစည်းအဝေး ပထမနေ့ ကျင်းပ

 

ရန်ကုန်   ဖေဖော်ဝါရီ   ၂၅


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  အဋ္ဌမအကြိမ်  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ တေရသမအစည်းအဝေး ပထမ နေ့ကို  ယနေ့နံနက် ၈ နာရီတွင်  ရန်ကုန်မြို့  သီရိမင်္ဂလာ  ကမ္ဘာအေး ကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

 


အစည်းအဝေးသို့   နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော်  အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက  ဒေါက်တာ ဘဒ္ဒန္တ  ကုမာရာဘိဝံသ အမှူးပြုသည့်   နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်    ဆရာတော် ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊   သာသနာရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊  အမှုထမ်းများ၊   တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူး များ တက်ရောက်ကြည်ညိုကြသည်။

 


အစည်းအဝေးတွင်   နိုင်ငံတော်သံဃမဟာနာယကအဖွဲ့   ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက  သဘာပတိအဖြစ်   ဆောင်ရွက် တော်မူပြီး   တွဲဖက်အကျိုးတော် ဆောင်ဆရာတော်  အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာ လင်္ကာရာ ဘိဝံသက အခမ်းအနား မှူးအဖြစ်    ဆောင်ရွက်တော်မူ သည်။

 


ဦးစွာ အခမ်းအနားမှူး ဆရာ တော်က   အစည်းအဝေးစတင် ကြောင်းနှင့်    ကြွရောက်တော်မူ လာကြသော     နိုင်ငံတော်သံဃ မဟာနာယကဆရာတော်ကြီးများ ၏ အရေအတွက်ကို ဖတ်ကြား လျှောက်ထားပြီး  အစည်းအဝေး အထမြောက် အောင်မြင်ကြောင်း ကြေညာသည်။ 

 


ထို့နောက်   နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့     ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ က အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာကို မြွက်ကြားတော် မူသည်။ (နိုင်ငံတော်  သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ   ဆရာတော် ၏ သာရဏီယသြဝါဒကထာကို စာမျက်နှာ-၃   တွင်   ဖော်ပြထား ပါသည်)
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။

 


ဆက်လက်၍   အဋ္ဌမအကြိမ် နိုင်ငံတော်   သံဃမဟာနာယက အဖွဲ့၊   ဒုတိယအဖွဲ့ခွဲ၏    ပဉ္စမ အကြိမ်      တာဝန်ကျရာကာလ အတွင်း  ဆောင်ရွက်ချက်အစီရင် ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ ၏ကိုယ်စား တွဲဖက်အကျိုးတော် ဆောင်   ဆရာတော်   အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဇောတိ ဿရ က တင်သွင်းလျှောက်ထား ပြီး    အဋ္ဌမအကြိမ်   နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၊  ဒုတိယ အဖွဲ့ခွဲ၏ ပဉ္စမအကြိမ်   တာဝန် ကျရာကာလအတွင်း ဆောင်ရွက် ချက်  အစီရင်ခံစာကို  အဖွဲ့ဝင် ဆရာတော်များက ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားသည်။

 


ဆွေးနွေးဆုံးဖြတ်


ထို့နောက် ဝိနိစ္ဆယရေးရာကိစ္စ များကို  တင်ပြလျှောက်ထားရာ နိုင်ငံတော်  သံဃမဟာနာယက ဆရာတော်ကြီးများက   ဝေဖန် ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို နံနက်ပိုင်းတွင် ရပ်နားသည်။

 


ယင်းနောက်    အဋ္ဌမအကြိမ် နိုင်ငံတော်    သံဃမဟာနာယက အဖွဲ့ (၄၇) ပါးစုံညီ   တေရသမ အစည်းအဝေး  ပထမနေ့၊  ဒုတိယ ပိုင်းကို  မွန်းလွဲ   ၁   နာရီတွင်  ဆက်လက်ကျင်းပပြီး    ဝိနိစ္ဆယ ရေးရာကိစ္စများ၊ သာသနာရေးရာ ကိစ္စများကို တင်ပြလျှောက်ထား ရာ    နိုင်ငံတော်     သံဃမဟာ နာယက     ဆရာတော်ကြီးများ က     ဝေဖန်ဆွေးနွေး     ဆုံးဖြတ် တော်မူကြပြီး    အစည်းအဝေးကို   မွန်းလွဲပိုင်း၌  ရပ်နားသည်။

 


ယနေ့        အစည်းအဝေးသို့ ကြွရောက်တော်    မူလာကြသော နိုင်ငံတော်  သံဃမဟာနာယက ဆရာတော်ကြီးများအား   အရုဏ် ဆွမ်းအလှူရှင်အဖြစ်     ဖခင် ဦးမောင်မောင်၊   မိခင်  ဒေါ်ခင်ခင် ကြီးတို့အား     ရည်စူး၍     သမီး (သဒ္ဓမ္မဇောတိကဓဇ)     ဒေါ်ပြုံး ဝေသီနှင့် နေ့ဆွမ်းအလှူရှင်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ  (ငြိမ်း)၊  ဇနီး ဒေါ်ကြိုင်ကြိုင်   အမှူးပြုသည့် ဓမ္မမိတ်ဆွေများက   ဆက်ကပ် လှူဒါန်းကြသည်။

 


ပြည်ထောင်စု    ဝန်ကြီးနှင့် တာဝန်ရှိသူများသည်    ယနေ့ နံနက်ပိုင်းတွင်   ကမ္ဘာအေးကုန်း မြေရှိ မဟာနာယကကျောင်းတော် ကြီး၌   နိုင်ငံတော်  သံဃမဟာ နာယကအဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော်  (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ   သဒ္ဓမ္မဇောတိကဓဇ) ဒေါက်တာ  ဘဒ္ဒန္တစန္ဒိမာဘိဝံသ အား       ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများလျှောက် ထား ဩဝါဒခံယူ၍ နဝကမ္မအလှူ တော်ငွေကျပ်    သိန်း      ၃၀   ကို လှူဒါန်းသည်။

 

သတင်းစဉ်