ATP Finals ပြိုင်ပွဲလက်ရှိချန်ပီယံ  မက်ဗီဒက်ဗ်ကို အနိုင်ယူပြီး  ဖလားဆွတ်ခူးနိုင်ခဲ့သည့် ဇီဗာရက်ဗ်


 

ဂျာမနီတင်းနစ်ကစားသမား          အလက်ဇန္ဒြား ဇီဗာရက်ဗ်သည်   အမျိုးသားတစ်ဦးချင်း   တင်းနစ် ပြိုင်ပွဲ ATP Finals ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့် (၂) ရှိ   ရုရှားနိုင်ငံသား  မက်ဗီဒက်ဗ်ကို  နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်    အနိုင်ယူကာ      ဒုတိယအကြိမ် မြောက်အဖြစ် ATP Finals ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
အသက် ၂၄ နှစ် အရွယ် ဇီဗာရက်ဗ်သည် ဗိုလ်လုပွဲတွင် မက်ဗီဒက်ဗ်ကို ၆-၄ ၆-၄ ဖြင့် အနိုင်ရရှိကာ  အဆိုပါဖလားကို  ဆွတ်ခူးနိုင် ခဲ့ခြင်းဖြစ်သည်။ ဇီဗာရက်ဗ်သည် အကြိုဗိုလ်လု ပွဲတွင် ကမ္ဘာ့အဆင့် နံပါတ်(၁)ဖြစ်သူ ဆားဘီး ယားနိုင်ငံသား ဒီဂျိုကိုဗစ်ကို ၇-၆ (၇-၄)၊ ၄-၆ ၆-၃ ဖြင့်     အနိုင်ရရှိကာ    ဗိုလ်လုပွဲသို့     တက်ရောက်လာနိုင်ခြင်းဖြစ်ပြီး ပြိုင်ဘက်    မက်ဗီဒက်ဗ်က  အကြိုဗိုလ်လုပွဲတွင်   နော်ဝေ နိုင်ငံသား ကပ်စ်ပါရုဒ်ကို  ၆-၄ ၆-၂  ဖြင့် အနိုင်ယူကာ   ဗိုလ်လုပွဲသို့   တက်လှမ်းလာ နိုင်ခြင်း ဖြစ်သည်။  
ဇီဗာရက်ဗ်နှင့် မက်ဗီဒက်ဗ်တို့သည် ယခု ပွဲစဉ်မတိုင်မီ နိုဝင်ဘာ ၁၆ ရက်က ယှဉ်ပြိုင် ကစားခဲ့သည့်      အုပ်စုအဆင့်ပြိုင်ပွဲတွင် တစ်ကြိမ်   တွေ့ဆုံထားပြီး  ယူအက်စ်အိုးပင်း ချန်ပီယံ မက်ဗီဒက်ဗ်က ၆-၃၊ ၆-၇(၃-၇)၊ ၇-၆ (၈-၆) ဖြင့် အနိုင်ရရှိထားသည်။ သို့သော်လည်း မက်ဗီဒက်ဗ်သည် ယခုဗိုလ်လုပွဲတွင် ပြိုင်ဘက် ကို အာရုံစိုက်ကစားခဲ့သော်လည်း အရေးနိမ့် ကာ ဆုဖလားနှင့် ဝေးကွာခဲ့ရခြင်းဖြစ်သည်။ 
ဇီဗာရက်ဗ်သည် ၂၀၁၈ ခုနှစ်က လန်ဒန် တွင်   ကျင်းပသည့်  ATP Finals  ပြိုင်ပွဲတွင် ဒီဂျိုကိုဗစ်ကို   ၆-၄၊  ၆-၃ ဖြင့်  အနိုင်ယူကာ ပထမအကြိမ် ဖလားဆွတ်ခူးထားသူဖြစ်သည်။ ယခုနှစ်တွင် ကျင်းပသည့် 2021 ATP Finals ပြိုင်ပွဲကို နိုဝင်ဘာ ၁၄ ရက်မှ ၂၁ ရက်အထိ အီတလီနိုင်ငံ တုရင်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့ ခြင်း ဖြစ်သည်။                                              အောင်ဇော်