“အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးကို ရုပ်သံလိုင်း (၁၀) ခုမှ ထုတ်လွှင့်မည်

 

နေပြည်တော်   စက်တင်ဘာ  ၂၇


“အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို၊ ငို၊ ပြော ဇာတ်တော်ကြီး ကို  စက်တင်ဘာ  ၂၈ ရက်မှ   အောက်တိုဘာ  ၁  ရက်နေ့အထိ  ညနေ ၆ နာရီ မိနစ် ၂၀ မှစတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV - HD ၊  MWD ၊   MWD Variety  ၊  Channel 7  ၊  5 Plus ၊ Channel 9 ၊   Myanmar Arts ၊  Fortune  ၊  Channel K နှင့် YTV ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။                

 


အဆိုပါ ဇာတ်တော်ကြီးကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ အနုပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် အနုပညာရှင် များက ပူးပေါင်းတင်ဆက်ထားခြင်းဖြစ်ပြီး နတ်သျှင်နောင်အဖြစ်  တက္ကသိုလ် အားမာန်၊ ရာဇဓာတုကလျာအဖြစ် ဒေါ်ဇာနည်အောင်၊ အင်းဝဘုရင် မင်းရဲနန္ဒမိတ်အဖြစ် ရွှေတံဆိပ်ဆုများရှင် ဦးဉာဏ်ဝင်း၊ ဘုရင့်နောင်မင်းတရားကြီးအဖြစ် ဦးလှမျိုးထက်၊ လူရွှင်တော်များ ဖြစ်ကြသည့်  ဝမ်းတူး၊  အာပြဲ၊  ရောင်နီ၊  လမုန့်တို့  အဓိကပါဝင်၍ ရွာစားနိုင်လင်းဗိုလ်   ဆိုင်းအဖွဲ့က   ဇာတ်ပို့တီးခတ်ထားကြောင်း၊ ဇာတ်တော်ကြီး၌ မြန်မာ့သမိုင်းတွင် ရတုရေးသားရာ၌ တံခွန်စိုက်ထူ ခဲ့သည့် တောင်ငူဘုရင် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာမင်းသမီး တို့၏  အချစ်ဇာတ်လမ်းနှင့်အတူ  ပြည်တွင်းရေးကို ဖြေရှင်းရာ၌ တိုင်းတစ်ပါးသားကို   အကြွင်းမဲ့ယုံစားပြီး    ပူးပေါင်းဆောင်ရွက်မှု ကြောင့် ဇာတ်သိမ်းမလှသည့်ဖြစ်ရပ်ကို သမိုင်းတစ်ကွေ့၏ သတိမူ စရာ သင်ခန်းစာအဖြစ် တင်ဆက်ကပြခြင်းဖြစ်ကြောင်း သိရသည်။


သတင်းစဉ်