အသက်အကြီးဆုံး အမေရိကန်သမ္မတအဖြစ် ဂျိုးဘိုင်ဒင် မှတ်တမ်းဝင်

 

 

ဝါရှင်တန် နိုဝင်ဘာ ၂၂
အမေရိကန်သမ္မတ     ဂျိုးဘိုင်ဒင် သည် နိုဝင်ဘာ ၂၀   ရက်တွင် အသက် ၇၉ နှစ်    ပြည့်ခဲ့ပြီဖြစ်ရာ အသက်အကြီးဆုံး    အမေရိကန် သမ္မတအဖြစ်      မှတ်တမ်းဝင်ခဲ့ ကြောင်းသိရသည်။ 
သမ္မတအဖြစ်     ကျမ်းသစ္စာ ကျိန်ဆိုသည့်အချိန်တွင်  ၎င်း၏ အသက်မှာ   ၇၈ နှစ်    ရှိပြီဖြစ်ပြီး အမေရိကန်သမိုင်းတွင်   အသက် အကြီးဆုံးသမ္မတ   ဖြစ်ခဲ့သည်။
ယခင်က   အမေရိကန်သမ္မတ ဟောင်း    ရော်နယ်ရီဂင်သည် အိမ်ဖြူတော်မှ ထွက်ခွာချိန်တွင် အသက် ၇၇ နှစ်ရှိပြီး   အသက် အကြီးဆုံး   အမေရိကန်သမ္မတ ဖြစ်ခဲ့သည်။    သမ္မတဘိုင်ဒင်၏  ကျန်းမာရေး      ဆေးစစ်ချက်ကို     နိုဝင်ဘာ  ၁၉ ရက်တွင်    ကြေညာ ခဲ့ပြီး   ၎င်း၏ဆရာဝန်က   သမ္မတ ဘိုင်ဒင်မှာ အသက် ၇၈ နှစ်အရွယ်  အမျိုးသားတစ်ဦးအဖြစ် ကျန်းမာ သန်စွမ်းပြီး     သမ္မတတာဝန်များကို   ထမ်းဆောင်ရန်    သင့်လျော်သည့် ကျန်းမာရေးကောင်းမွန်သူဟု ပြော သည်။  ဂျိုးဘိုင်ဒင် အမေရိကန်     သမ္မတအဖြစ်   ကျမ်းသစ္စာကျိန်ဆို သည့် အချိန်မှစတင်ကာ ၎င်း၏   ကျန်းမာရေး     အခြေအနေမှာ   လူအများ      စိတ်ဝင်စားစရာ      အခြေအနေဖြစ်ခဲ့သည်။            
အင်န်အိတ်ချ်ကေ