အသိပညာ၊ အတတ်ပညာရှိသူတွေနဲ့ပဲ နိုင်ငံတော်ကြီးကို တည်ထောင်ရမှာဖြစ်တဲ့အတွက် ကျောင်းတွေ အမြန်ဖွင့်လှစ်နိုင်ရေးဟာ နိုင်ငံအတွက် အရေးပါလှပါတယ်၊ အဲဒါကြောင့် မြို့ပြမှသည် ကျေးလက်ဒေသအဆုံး ကျောင်းတွေ ဖွင့်စေချင်ပါတယ်

ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းသား ကျောင်းသူ ၈၃၂၇၈ ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား

အလယ်တန်းပြဆရာမတစ်ဦး

===================

 

ရန်ကုန်  နိုဝင်ဘာ  ၁


နိုင်ငံတစ်ဝန်း     ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း ကျဆင်းနေပြီဖြစ်သောကြောင့်       ယနေ့တွင် တိုင်းဒေသကြီး/ပြည်နယ်  ကိုးခုမှ  နယ်စပ်ဒေသ မြို့နယ် ၄၆ မြို့နယ်ရှိ  စာသင်ကျောင်းများမှလွဲ၍ ကျန်မြို့နယ်များအားလုံးရှိ စာသင်ကျောင်းများ  (ပုဂ္ဂလိကကျောင်း၊  ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ အပါအဝင်)ကို  ပြန်လည်ဖွင့်လှစ်ပေး လိုက်ပြီဖြစ်သည်။  သို့ပါ၍  အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူ ကလေးသူငယ်များ ပညာ သင်ကြားခွင့်  အခွင့်အလမ်းများ  ပြန်လည်ပွင့်လန်း လာပြီ ဖြစ်သည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းပေါင်း  ၂၇၅၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်းပေါင်း ၂၄၄ ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ၂၃၀ စုစုပေါင်း  ၃၂၃၂ ကျောင်း တို့မှ ကျောင်းအပ်နှံထားသူ ကျောင်းသား ကျောင်းသူ ပေါင်း   ၅၃၀၄၃၀  ရှိရာ   ယနေ့တွင်   ၈၃၂၇၈ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
ယနေ့ ကျောင်းစတင်ဖွင့်ခြင်းနှင့်စပ်လျဉ်း၍ ဆရာမများ၊ ကျောင်းသားမိဘများနှင့်  ကျောင်းသား ကျောင်းသူများအား  မြန်မာ့သတင်းစဉ်မှ တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။


မဆုမြတ်နိုး(Grade-1)


သမီးက အထက(၂)လသာမှာ ပညာသင်ကြားနေ ပါတယ်။ သမီး ဒီနေ့ ဆရာမ၊ သူငယ်ချင်းတွေနဲ့အတူ ABCD သီချင်းကို သံပြိုင်ဆိုရပါတယ်။ အဲဒီလိုဆိုရတာ ပျော်ပါတယ်။ ကျောင်းပြန်တက်ရတာ စာတွေသင် ရတာ သမီးပျော်ပါတယ်။  သမီးအနေနဲ့    ကျန်တဲ့ သူငယ်ချင်းတွေကို    ကျောင်းအတူတူပြန်တက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ စာတွေ အတူတူသင်ရအောင်ပါ။
ဒေါ်ဟင်္သာဝေ(မူလတန်းပြ) 
အထက(၂)လသာ
ကျွန်မသင်တဲ့အတန်းက Grade-1(A)ပါ။ ကျွန်မ အနေနဲ့ ကူးစက်ရောဂါတွေ လျော့ပါးသက်သာလာပြီး အခုလိုကျောင်းပြန်ဖွင့်တာ အလွန်ဝမ်းသာပါတယ်။ ကလေးတွေ ဒီနှစ်  အတန်းပြီးတဲ့အထိ  စာသင်နိုင် ပါစေလို့ ဆုတောင်းပါတယ်။  စာလည်း သင်ချင်နေပြီ၊ တပည့်တွေနဲ့လည်း တွေ့ချင်နေပါတယ်။  ကလေး တွေက  ကျောင်းပိတ်ထားတာကြာတော့  အိမ်မှာ စားလိုက်အိပ်လိုက်နဲ့ပဲ အကုန် ခန္ဓာကိုယ်တွေကြီးထွား လာကြပြီ။  ကလေးတွေကို   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းတွေအတိုင်း ခုံတွေခြားပေး ထားတယ်။ အပူချိန်တိုင်းတယ်၊ လက်ဆေးရမယ်၊ စာသင်ချိန် Mask တပ်ထားရမယ်။  စာသင်ချိန်က နံနက် ၈ နာရီကနေ  မွန်းလွဲ ၁ နာရီ မိနစ် ၂၀ မှာ ကျောင်းဆင်းပါမယ်။ စာသင်ချိန်  တစ်ချိန်ကို မိနစ် ၄၀ နဲ့ စာသင်ချိန် တစ်နေ့  ခုနစ်ချိန်သင်ကြားပေးပါ တယ်။ တစ်ပတ်ကို စာသင်ချိန်  ၃၅ ချိန်ရှိပါတယ်။ ကလေးတွေကို ထမင်းစားတဲ့အခါမှာလည်း ကိုယ့်ခုံ မှာကိုယ် စနစ်တကျ သီးသန့်စားဖို့ပြောထားပါတယ်။ ကျောင်းသားတွေကို ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး ထိုးပြီးတဲ့အတွက်    စာသင်ကြားဖို့    အများကြီး အထောက်အကူပြုလာပါတယ်။  တစ်ယောက်နဲ့ တစ်ယောက်  ကာကွယ်မှုတွေ နည်းနည်းရှိလာပါ တယ်။ ဘာပဲဖြစ်ဖြစ် ကာကွယ်ဆေးတွေထိုးထားတဲ့ အတွက် အများကြီးအကျိုးရှိပါတယ်။


မအိန္ဒြေမြင့်မိုရ်(Grade-9)


ဒီတစ်ခေါက်မှာ  ကိုဗစ်ကာကွယ်ဆေးလည်း ထိုးထားတယ်ဆိုတော့ ရောဂါကူးစက်မှုက နည်းနည်း လျော့ကျသွားမယ်လို့ထင်ပါတယ်။  သမီးတို့က ပညာလိုလားသူတွေမို့  ကျောင်းကို  မတက်မဖြစ် တက်ရမှာပဲ။ သမီးတို့ ကျောင်းပိတ်လိုက်တဲ့အချိန်မှာ အတိုင်းအတာတစ်ခုအထိ စာတွေပြတ်လပ်သွားခဲ့ တယ်။ တချို့ဆို စိတ်ပျက်သွားတာမျိုးတွေဖြစ်နေကြ တယ်။  အဲဒါကြောင့်  သမီးကတော့  ကျောင်းကို မဖြစ်မနေတက်တယ်။ သမီး စာတွေနဲ့ အဆက်မပြတ် ချင်ဘူး။ ကျောင်းတွေပြန်ဖွင့်လိုက်တဲ့အတွက် ဆရာမ တွေ၊  သူငယ်ချင်းတွေနဲ့  ပြန်တွေ့ပြီး  ရင်းနှီးမှုတွေ ပြန်ရတဲ့အတွက်  ဝမ်းသာပါတယ်။  အဲဒီအတွက် နိုင်ငံတော်အစိုးရကို အလွန်ကျေးဇူးတင်ပါတယ်ရှင့်။


မဟန်လဲ့ယဉ်(Grade -7)


ကျောင်းတွေပြန်ဖွင့်ပြီး ဆရာမတွေ၊ သူငယ်ချင်း တွေနဲ့အတူ ကျောင်းသင်ခန်းစာတွေ ပြန်လည်သင်ခွင့် ရတဲ့အတွက် ဝမ်းသာပါတယ်။  သမီးတို့ကျောင်းကို စဝင်ကတည်းက   အပူချိန်တိုင်းတယ်။   လက်ကို ဆပ်ပြာနဲ့စနစ်တကျဆေးရတယ်။ ကျောင်းစတက် တာနဲ့ နိုင်ငံတော်သီချင်းသီဆိုရတာ ဂုဏ်ယူပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသလို ခံစားရပါ တယ်။ ပညာတတ်မှလည်း နိုင်ငံ့အကျိုးကို သယ်ပိုး နိုင်မှာပါ။


ကျောင်းသားမိဘတစ်ဦး


ကျောင်းတွေပြန်ဖွင့်တဲ့အတွက် ကျောင်းသား မိဘတစ်ဦးအနေနဲ့ စိတ်ပျော်ရွှင်မိပါတယ်။ ကျောင်း တွေအကုန်ပြန်ဖွင့်ပြီး ကျောင်းသားတွေကို ပျော်ပျော် ရွှင်ရွှင်နဲ့ ကျောင်းအကုန်ပြန်တက်စေချင်တယ်။ နိုင်ငံ တစ်ဝန်းမှာ ကျောင်းတက်ခေါင်းလောင်းသံလေးတွေကို ကြားစေချင်တယ်။ တိုင်းပြည်အနာဂတ်တိုးတက် ရေးမှာ ပညာရေးကဏ္ဍက  ဆက်စပ်လျက်ရှိတာမို့ နိုင်ငံတော်တည်ဆောက်ရေးမှာ အသိပညာ အတတ် ပညာကိုလည်း ရစေချင်တယ်။  ဒါကြောင့်ပညာရေး ကဏ္ဍက အရေးကြီးပါတယ်။ အခုလို ကျောင်းတွေ ပြန်ဖွင့်ပေးတဲ့အတွက်    ကျောင်းသားမိဘတစ်ဦး အနေနဲ့ အများကြီးဝမ်းသာပါတယ်။ ပြန်ဖွင့်ပေးတဲ့ သက်ဆိုင်ရာကိုလည်း ကျေးဇူးတင်ပါတယ်။
အလယ်တန်းပြဆရာမတစ်ဦး
ကျွန်မတို့ကျောင်း အထက်တန်းက နံနက် ၇ နာရီ ၁၅ မိနစ်မှာ  တက်ပါတယ်။   အလယ်တန်းနဲ့ မူလတန်းက  နံနက်  ၈ နာရီမှာ  တက်ပါတယ်။ ကျောင်းသားတွေကို ကျောင်းဂိတ်ဝမှာကတည်းက အပူချိန်တိုင်းပါတယ်။  လက်ကိုစနစ်တကျဆေးရပါ တယ်။ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာပြီး ကျောင်းထဲ ဝင်ရပါတယ်။ ကျောင်းခန်းထဲမှာလည်း ခြောက်ပေ ခွာပြီး ထိုင်ခိုင်းပါတယ်။ အခန်းတိုင်းရှေ့မှာ လက်ဆေး ဘေစင်တွေထားပေးပါတယ်။    ကိုဗစ်ဖြစ်လိုက်တဲ့ အတွက်  ကျောင်းပိတ်လိုက်ရတယ်။  ကျောင်းသား ကျောင်းသူတွေအတွက်ရော၊ မိဘတွေအတွက်ရော နိုင်ငံတော်အတွက်ပါ နစ်နာခဲ့ရတယ်။  အခုတော့ ကျောင်းတွေပြန်ဖွင့်တဲ့အတွက် ကျွန်မတို့အားလုံး ဝမ်းသာပီတိဖြစ်ရပါတယ်။      နိုင်ငံတစ်ခုကို တည်ထောင်တဲ့အခါမှာ  အသိပညာရှင်၊   အတတ် ပညာရှင်တွေက ဦးဆောင်နေတာဖြစ်ပါတယ်။ အဲဒါ ကြောင့်မို့   ကျောင်းတွေပြန်ဖွင့်လိုက်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ တိုင်းပြည်ရဲ့အနာဂတ် အရေးသည် ပညာရေးနဲ့ဆက်စပ်နေတာမို့ အတန်း ပညာမှသည် အသိပညာရရပါတယ်။ အသိပညာမှ သည် အတတ်ပညာရရပါမယ်။ အသိပညာ၊ အတတ် ပညာရှိသူတွေနဲ့ပဲ နိုင်ငံတော်ကြီးကို တည်ထောင်ရ မှာဖြစ်တဲ့အတွက် ကျောင်းတွေအမြန်ဖွင့်လှစ်နိုင်ရေး ဟာ နိုင်ငံအတွက်အရေးပါလှပါတယ်။ အဲဒါကြောင့် မြို့ပြမှသည် ကျေးလက်ဒေသအဆုံး ကျောင်းတွေဖွင့် စေချင်ပါတယ်။ နိုင်ငံအနှံ့ ကျောင်းတက်ခေါင်းလောင်း သံတွေ လွင့်ပျံ့စေချင်ပါတယ်။