အသိပေးနှိုးဆော်ချက်

 

ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်  ၁၁၁၁၁  ပါးဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ  မင်္ဂလာအခမ်းအနားကို  ရွှေတိဂုံစေတီတော်ရင်ပြင်တော်နှင့်ပြည်သူ့ရင်ပြင်တို့၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ၃၀-၄-၂၀၂၃ ရက်နေ့တွင် အစမ်းလေ့ကျင့်ခြင်းနှင့် ၂-၅-၂၀၂၃ ရက်နေ့တွင် အခမ်း အနားကျင်းပစဉ်အတွင်း နံနက် ၀၄၀၀ အချိန်မှ အခမ်းအနားပြီးဆုံး သည်အထိ ပြည်လမ်းအား ဟံသာဝတီအဝိုင်းမှ ဗိုလ်ချုပ်အောင်ဆန်း လမ်းအထိလည်းကောင်း၊  ဦးဝိစာရလမ်းအား   ဟံသာဝတီအဝိုင်းမှ ရွှေတိဂုံဘုရားလမ်းအထိလည်းကောင်း၊  ရွှေတိဂုံဘုရားလမ်းအား ဦးထောင်ဘိုလမ်းမှ ဦးဝိစာရလမ်းထိပ်အထိလည်းကောင်း၊ အလုံလမ်း အား ဗဟိုလမ်းမှ  ရွှေတိဂုံဘုရားလမ်းအထိလည်းကောင်း၊  မြို့မ ကျောင်းလမ်းအား အလုံလမ်းမှ မင်းရဲကျော်စွာလမ်းအထိလည်း ကောင်း ခေတ္တပိတ်ထားမည်ဖြစ်သဖြင့်  ပြည်လမ်းအတိုင်း  မြောက်မှ တောင်သို့ မောင်းနှင်လာသော ယာဉ်များသည် ဟံသာဝတီအဝိုင်းတွင် ယာဘက်သို့ ချိုးကွေ့၍ ဟံသာဝတီလမ်းမှ အထက်ကြည့်မြင်တိုင် လမ်းသို့လည်းကောင်း၊  ပြည်လမ်းအတိုင်း  တောင်မှမြောက်သို့ မောင်းနှင်လာသောယာဉ်များသည်  ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင်   ဝဲဘက်သို့ ချိုးကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း၊  ဦးဝိစာရလမ်းသို့  မောင်းနှင်လာသောယာဉ်များသည်  ဟံသာဝတီ အဝိုင်းမှ  ဟံသာဝတီလမ်း၊   အထက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း၊ ရွှေတိဂုံဘုရားလမ်းသို့ မောင်းနှင်လာသောယာဉ်များသည် ဦးထောင်ဘိုလမ်းမှ  ဗဟန်းအဝိုင်းသို့လည်းကောင်း၊  အလုံလမ်းသို့ မောင်းနှင်လာသောယာဉ်များသည် ဗဟိုလမ်းအတိုင်းလည်းကောင်း၊ မြို့မကျောင်း  လမ်းသို့မောင်းနှင်လာသောယာဉ်များသည်   မင်းရဲ ကျော်စွာလမ်းသို့လည်းကောင်း  ပြောင်းလဲမောင်းနှင်ပေးကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့