
နေပြည်တော် နိုဝင်ဘာ ၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မန္တလေးတက္ကသိုလ် အင်းဝဆောင် ခန်းမ၌ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခ ချုပ်များ၊ ပါမောက္ခ (ဌာန မှူး)များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက စက်တင်ဘာ ၇ ရက် တွင် ကျင်းပခဲ့သည့် အိမ်စောင့် အစိုးရအဖွဲ့ အစည်းအဝေးအမှတ် စဉ် (၂/၂၀၂၁)တွင် နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပညာရေး ကဏ္ဍ မြင့်မားရေးအတွက် တက္ကသိုလ်/ ကောလိပ်ကျောင်း များကို အရည်အသွေးရှိအောင် ဆောင်ရွက်ရန်နှင့် စာကြည့်တိုက် များကိုလည်း စနစ်တကျ အဆင့် မြှင့်တင်သွားရန် လမ်းညွှန်ခဲ့ပါ ကြောင်း၊ သို့ဖြစ်၍ သင်ကြား သင်ယူရေးနှင့် သုတေသန လုပ်ငန်းများကို အထောက်အကူ ပြုစေရန် တက္ကသိုလ်စာကြည့် တိုက်များတွင် စာကြည့်တိုက်မှူး၊ လက်ထောက် စာကြည့်တိုက် မှူးနှင့် စာကြည့်တိုက် အရာထမ်း အမှုထမ်းများ ပြည့်စုံအောင် ခန့်ထားရေး၊ စာအုပ်စာတမ်းများ၊ ပရိဘောဂများပြည့်စုံစွာဖြည့်တင်း ရေး၊ ဒစ်ဂျစ်တယ် စာကြည့်တိုက် စနစ်သို့ အဆင့်ဆင့် ကူးပြောင်း ရေးနှင့် စာဖတ်သူများ၊ စာငှားသူ များ စာကြည့်တိုက်ကို စိတ်ချမ်း မြေ့စွာ အသုံးပြုနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ပြီး လိုအပ်သောရန်ပုံငွေများကို ဖြည့်ဆည်းပေးလျက် ရှိပါ ကြောင်း၊ မကြာမီ တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထား ကြစေလိုပါကြောင်း၊ အသစ်ခန့် အပ်သော နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ ဆရာမများကို နိုဝင်ဘာ ၈ ရက်မှ စတင်ကာ တာဝန်ကျရာတက္ကသိုလ် အသီးသီးတွင် သင်ပြနည်းဆိုင်ရာ ပညာရေးဘာသာရပ် သုံးခုနှင့် ဌာနတွင်းဘာသာရပ် မွမ်းမံ သင်တန်းများကို ဖွင့်လှစ်ပို့ချပေး ရာတွင်လည်း စေတနာထား၍ လေ့ကျင့်ပျိုးထောင်ပေးကြစေလို ပါကြောင်း၊ ရာထူးအဆင့်ဆင့် တွင် ရာထူးတိုးမြှင့်ခန့်ထားပေး လျက်ရှိရာ ရာထူးအလိုက် ရှိသင့် သော အရည်အသွေးကောင်းများ ကို အမြဲမပြတ် ဆည်းပူးလေ့လာ မြှင့်တင်နေကြရမည် ဖြစ်ပါ ကြောင်း၊ သုတေသနသုံး၊ ဓာတ်ခွဲ ခန်းသုံးပစ္စည်းများ၊ သင်ထောက် ကူပစ္စည်းများ ပြည့်စုံအောင် ဖြည့်ဆည်းနိုင်ရေးအတွက် ရန်ပုံ ငွေများ တောင်းခံကာ ဆက်လက် ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ရာထူးတိုးမြှင့်ခန့် ထားသော ဆရာ ဆရာမများနှင့် အသစ်ခန့်ထားသော နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများကို ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်