အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ စည်းဝေး

 

နေပြည်တော် အောက်တိုဘာ ၂၉


အရွယ်မရောက်သေးသူ ကလေးသူငယ် များအား      စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး             ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး  ဦးဆောင်၍  အရွယ်မရောက် သေးသူ ကလေးသူငယ်များအား စစ်မှု ထမ်းဆောင်ခြင်းမှ   ကာကွယ်တားဆီး ထိန်းသိမ်းရေး  ကော်မတီအစည်းအဝေး (၂/၂၀၂၁) ကို   ယနေ့မွန်းလွဲ  ၂ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးရုံး  အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

 


အသိပေးအကြောင်းကြားသွားမည်


အစည်းအဝေးတွင်    ပြည်ထောင်စု ဝန်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရနှင့်  မြန်မာနိုင်ငံစောင့်  ကြည့်လေ့လာရေးနှင့်   အစီရင်ခံတင်ပြ ရေး လုပ်ငန်းအဖွဲ့ (Country Task Force on   Monitoring   and   Reporting - CTFMR)တို့ အကြား  “ အရွယ်မရောက် သေးသူ    ကလေးသူငယ်များအား     စစ်မှု ထမ်းဆောင်ခြင်းမှ   ကာကွယ်တားဆီး ထိန်းသိမ်းရေးလုပ်ငန်းစီမံချက်” ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ ပါကြောင်း၊ အဆိုပါစီမံချက်အရ CTFMR နှင့် ပူးပေါင်းပြီး တပ်မတော်မှ အရွယ် မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်   စစ်သည်  ၁၀၂၉   ဦးကို တပ်မတော်မှ  နုတ်ထွက်ခွင့်ပြုပြီး  မိဘ ရပ်ထံ  ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါ ကြောင်း၊ CTFMR နှင့်  တိုက်ဆိုင်စစ်ဆေး ထားပြီး    ကျန်ရှိသည့်   အသက်မပြည့် စစ်သည်များကိုလည်း စနစ်တကျ စိစစ်၍ နုတ်ထွက်ခွင့်ပြုနိုင်ရေး  ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊           လက်ရှိတွင် တပ်မတော်အနေဖြင့်    တပ်သားသစ် စုဆောင်းရေးကဏ္ဍတွင်  အရွယ်မရောက် သေးသူ   ကလေးသူငယ်များအား  စစ်မှု ထမ်းဆောင်ခြင်းမှ    ကာကွယ်တားဆီး ထိန်းသိမ်းရေး  ကော်မတီနှင့် UNCTFMR တို့ သဘောတူ သတ်မှတ်ပြဋ္ဌာန်းချက်များ နှင့်အညီ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ အတိုင်း  စုဆောင်းလျက်ရှိပါကြောင်း၊ အသိပညာပေး   လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ         ဝန်ကြီးဌာနများနှင့်  ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီ  အစည်းအဝေးများကို  သုံးလ တစ်ကြိမ် ဆောင်ရွက်လျက်ရှိပါကြောင်း နှင့် အစည်းအဝေးတွင်  ဆွေးနွေးဆုံးဖြတ် ခဲ့သည့်       ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို UNICEF သို့ အသိပေး အကြောင်းကြား သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 


ဖြည့်စွက်ဆွေးနွေး


ထို့နောက်               အစည်းအဝေးတက် ရောက်လာကြသည့် ကော်မတီဝင်များနှင့်  ကိုယ်စားလှယ်များက    အရွယ်မရောက် သေးသူ ကလေးသူငယ်များအား စစ်မှု ထမ်းဆောင်ခြင်းမှ     ကာကွယ်တားဆီးထိန်းသိမ်းရေးလုပ်ငန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ   ကဏ္ဍများအလိုက်  ရှေ့ လုပ်ငန်းစဉ်များအပေါ် အကြံပြုဆွေးနွေး ခဲ့ကြပြီး      ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။

 


အစည်းအဝေးသို့   အရွယ်မရောက် သေးသူ ကလေးသူငယ်များအား စစ်မှု ထမ်းဆောင်ခြင်းမှ    ကာကွယ်တားဆီး ထိန်းသိမ်းရေး     ကော်မတီဝင်များနှင့် သက်ဆိုင်ရာ ရုံး/ဌာနများမှ  တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။  

သတင်းစဉ်