ရန်ကုန် အောက်တိုဘာ ၄
ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၂/၂၀၂၂) ဆင်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီခွဲက ရန်ကုန် မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ ရာ သင်တန်းသား ၂၁ ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ အား ပြန်ကြားပေးခြင်းနှင့် ပြည်သူနှင့် ဆက်ဆံအသိပညာပေး ဆက်ဆံရာ၌ သတင်းနှင့် ဓာတ်ပုံ ပညာမှာ အရေးပါသောလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သင်တန်းသား များအနေဖြင့် မိမိဌာနနှင့်နိုင်ငံ အတွက် အကျိုးပြုသတင်းဓာတ်ပုံ များ ရိုက်ကူးထုတ်လုပ်ရန် ယခု သင်တန်းမှ အထောက်အပံ့ ကောင်းများ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းသားများ ကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
ဆက်လက်၍ သင်တန်းသား များကိုယ်စား သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် သင်တန်းကာလ ကိုးရက်တွင် လက်တွေ့ ကွင်းဆင်းရိုက်ကူးခဲ့ သော ဓာတ်ပုံများကို ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးသည်။
ဓာတ်ပုံ ရိုက်ကူးနည်း သင်တန်းတွင် ဓာတ်ပုံပညာရှင်က ဓာတ်ပုံရိုက်ကူးနည်းများနှင့် ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၊ သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ် များ၊ ရုပ်ရှင်နှင့်ဗီဒီယို ကြီးကြပ်ရေး လုပ်ငန်းများ၊ ဓာတ်ပုံပြိုင်ပွဲ ဝင်ရောက်ရာ၌ ပြင်ဆင်ဆောင်ရွက် ရမည့်အချက်များနှင့် သင်ခန်းစာ များ ပြန်လည်ဆွေးခြင်းတို့ကို ဓာတ်ပုံပညာရှင်နှင့် သင်တန်း ဆရာတို့က သင်ကြားပေးကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး



