နေပြည်တော် ဇူလိုင် ၈
အရည်အသွေးမြင့် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို    ယနေ့ မွန်းလွဲပိုင်းက   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက     လယ်ယာသုံးစက်ကိရိယာများ၏ စွမ်းဆောင်နိုင်မှုနှင့် တောင်သူတို့၏ ရင်းနှီးမြှုပ်နှံမှု အပေါ်     တွက်ခြေကိုက်   အသုံးတည့်စေရေးကို အခြေခံသည့်    သုတေသနလုပ်ငန်းများ  တိုးမြှင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊      အခြားတစ်ဖက်တွင် လည်း စက်မှုလယ်ယာစနစ်  အပြည့်အဝ ကူးပြောင်း ရေးလုပ်ငန်းစဉ်များတွင်   ပုဂ္ဂလိကကဏ္ဍ၏  ပူးပေါင်း ပါဝင်မှု အားကောင်းလာစေရေး စည်းရုံးဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။
 အစည်းအဝေးသို့ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်       တာဝန်ရှိသူများ တက်ရောက်ကြပြီး  ဘဏ္ဍာနှစ်အလိုက်   လုပ်ငန်း ဆောင်ရွက်ချက်များနှင့်    လုပ်ငန်းခွဲများအလိုက် ရှေ့ဆက်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြသည်။
စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် လယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ၊ လယ်ယာသုံးစက်ကိရိယာ များ ဖြန့်ဖြူးပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများ ကိုင်တွယ်ထိန်းသိမ်း   အသုံးပြုနိုင်ရေး  လေ့ကျင့် သင်ကြားပေးခြင်း၊      စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများ ဖော်ထုတ်ခြင်း၊ ကုန်းမြင့်လယ်ယာ မြေများ ဖော်ထုတ်ခြင်း၊ လယ်ယာသုံးစက်ကိရိယာ အမျိုးမျိုးကို    စမ်းသပ်သုတေသနပြုလုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြခြင်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။  
စက်မှုလယ်ယာသင်တန်းကျောင်းများ၊ ရှေ့တန်းစခန်းများတွင် သင်တန်းများ ဆောင်ရွက်ပေး ခြင်းအပြင် ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ တောင်သူ ပညာပေးဆွေးနွေးပွဲများ၊ လက်တွေ့ကွင်းဆင်းသရုပ် ပြပွဲများ ဆောင်ရွက်ပေးပြီး တောင်သူလယ်သမား မိသားစုဝင်များအနေဖြင့် လယ်ယာသုံးစက်ကိရိယာ များကို ကျွမ်းကျင်စွာ ကိုင်တွယ်ထိန်းသိမ်းအသုံးပြု နိုင်ရေးအပြင် စက်မောင်း၊ စက်ပြင်အတတ်ပညာ ဖြင့် ကျေးလက်လူငယ်များ အလုပ်အကိုင် အခွင့် အလမ်းများရရှိရေးကို မျှော်မှန်းဆောင်ရွက်လျက်ရှိရာ အရည်အသွေးမြင့် လယ်ယာသုံးစက်ကိရိယာများ တွင် အသုံးပြုထားသည့် နည်းပညာရပ်များအပေါ် စဉ်ဆက်မပြတ် လေ့လာသိရှိနိုင်ရေးကိုပါ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာ့လယ်ယာကဏ္ဍတွင် ဌာနနှင့် တောင်သူ ပိုင်   လယ်ယာလုပ်ငန်းသုံး    ထွန်စက်ကြီးပေါင်း ၃၉၀၀၀ ကျော်၊ လက်တွန်းထွန်စက် ၅၂၀၀၀ ကျော်၊ တစ်ဘီးတပ်ထွန်စက်ငယ် ၃၇၀၀၀ ကျော်၊ သမန်း လှေ ၁၂၀၀၀၊ ကောက်စိုက်စက် ၂၅၀၊ စပါးရိတ်စက် ၂၂၀၀ ကျော်၊  စပါးခြွေစက် ၈၀၀၀၀ ကျော်၊ ရိတ်သိမ်း ခြွေလှေ့စက်ကြီးပေါင်း  ၁၀၀၀၀ ကျော်  အသုံးပြု လျက်ရှိပြီး နိုင်ငံတစ်ဝန်း  မြို့နယ်ပေါင်း ၁၁၀ တွင် လယ်ယာဝန်ဆောင်မှုအသင်းအဖွဲ့ပေါင်း  ၁၃၆ ခုရှိ ကြောင်း သိရသည်။ 
သတင်းစဉ်
 
      


