
ရန်ကုန် ဩဂုတ် ၃
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ စီစဉ်စုဆောင်းထားသော အရန် ဆန်များကို ဈေးကွက်ပေါက်ဈေး အောက်တွင် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ထုတ်ရောင်းရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဩဂုတ် ၂ ရက်က လမ်းမတော်မြို့နယ် မင်းရဲ ကျော်စွာလမ်းရှိ ကုန်သည်စက်မှု အသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အထွေထွေ အတွင်းရေးမှူး အပါအဝင် စီမံ ခန့်ခွဲရေး ကော်မတီဝင်များ၊ အသင်းချုပ်၏ ဆန်ပြည်ပတင်ပို့မှု ဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ ပြည်ပဆန်တင်ပို့နေသည့် Expor-ter ကုမ္ပဏီကြီးများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ညှိနှိုင်း ဆွေးနွေးမှုအရ သိုလှောင်ထားပြီး သော အရန်ဆန်များကို သက်သာ သော ဈေးနှုန်းဖြင့် စက်မှုဇုန်မှ အခြေခံအလုပ်သမား မိသားစုများ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်း များအား ရောင်းချပေးခြင်း၊ လုပ်သားပြည်သူများသို့ ဆန် ကုန်စည်ဒိုင်များ၊ စည်ပင် သာယာဈေး အရောင်းဆိုင်များမှ တစ်ဆင့် ရောင်းချပေးခြင်း အစီ အစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၈ ရက်က ထုတ်ပြန်ကြေညာ ထားသော ဆန်အိတ် ၅၀၀၀၀ (Well Milled, Polished & Sortexed) ၂၅ ရာခိုင်နှုန်း အဆင့် ဧည့်မထဆန်များကို တစ်အိတ် လျှင် ငွေကျပ် ၆၀၀၀၀ နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ကနဦး စတင်ရောင်းချရန် စီစဉ်သွားမည် ဖြစ်ကြောင်း ဆွေးနွေးဆုံးဖြတ် ကြသည်။
မျိုးမင်းသူရ
ဓာတ်ပုံ - မြန်မာနိုင်ငံဆန်စပါး
အသင်းချုပ်