အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌ နွေရာသီသင်တန်းများ ဖွင့်လှစ်

 

နေပြည်တော်   ဧပြီ  ၂၉


ကျောင်းသား  ကျောင်းသူများအနေဖြင့်  နွေရာသီ ကျောင်းပိတ်ရက်ကာလများတွင်  အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ဘာသာ၊ သာသနာကို တန်ဖိုးထားတတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန် ပြီး ပညာထူးချွန်သူများ ဖြစ်လာစေရန်၊ လက်တွေ့ အသုံးချဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် ကျင့်စဉ်များကို ပိုမိုနက်ရှိုင်း စွာ    နားလည်စေရန်နှင့်    ယဉ်ကျေးလိမ္မာစေရန် ရည်ရွယ်၍     တိုင်းစစ်ဌာနချုပ်များ၊    တပ်နယ်၊ တပ်ရင်း/ တပ်ဖွဲ့များရှိ တပ်မတော်သားမိသားစုဝင်  ကျောင်းသား    ကျောင်းသူများကို    ယဉ်ကျေးလိမ္မာ သင်တန်း၊   ကွန်ပျူတာအခြေခံသင်တန်း၊   အခြေခံ အင်္ဂလိပ်စာသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းများ ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြသည်။

 


ယဉ်ကျေးလိမ္မာသင်တန်းဖွင့်


ထိုသို့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်   အရှေ့တောင်တိုင်း  စစ်ဌာနချုပ်ရှိ သန္တိသုခဓမ္မာရုံနှင့် အောင်ဆန်းခန်းမတို့၌ ယဉ်ကျေး လိမ္မာသင်တန်းဖွင့်ပွဲနှင့် ကွန်ပျူတာသင်တန်းဖွင့်ပွဲ များကို   ပြုလုပ်ရာ  မော်လမြိုင်မြို့  ကော့ကလုပ် ကျောင်း ဆရာတော် ဘဒ္ဒန္တ အိန္ဒာစရိယ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့်   တာဝန်ရှိသူများ၊   အရာရှိ၊ စစ်သည်၊     မိသားစုများ၊    သင်တန်းနည်းပြများ၊ သင်တန်းသား   သင်တန်းသူများ   တက်ရောက်ကြ သည်။

 


ဂုဏ်ပြုလက်ဆောင်များပေးအပ်


ဦးစွာ  တိုင်းမှူးက အဖွင့်အမှာစကားပြောကြား သည်။     ထို့နောက်   မော်လမြိုင်မြို့   ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း  (YMBA)     ကျောင်းသား ကျောင်းသူများ၏ (၃၈)ဖြာ မင်္ဂလာတရားတော်များ၊ ပြည်သူ့နီတိကဗျာများ    သီဆိုသရုပ်ပြသမှုများကို ကြည့်ရှု အားပေးကြပြီး  တိုင်းမှူးနှင့် တာဝန်ရှိသူများ က သင်တန်းသား သင်တန်းသူများနှင့် သင်ကြားပို့ချ မည့် သင်တန်းနည်းပြများကို ဂုဏ်ပြုလက်ဆောင် များ ပေးအပ်ကြသည်။

 


အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌လည်း တပ်မတော် သား    မိသားစုဝင်    ကျောင်းသား  ကျောင်းသူများအား နွေရာသီသင်တန်းများ    ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သတင်းရရှိသည်။                

သတင်းစဉ်