အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ မြန်မာနိုင်ငံအစီရင်ခံစာအား တင်ပြခြင်းနှင့် SEA-PLM 2024 သုတေသနလုပ်ငန်းဆောင်ရွက်မှုကို အသိပေးမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၃


အရှေ့တောင်အာရှ      မူလတန်းပညာသင်ယူ တတ်မြောက်မှု  တိုင်းတာစစ်ဆေးရေးစံ Southeast Asia Primary Learning Metrics (SEA-PLM) 2019 စစ်ဆေးအကဲဖြတ်ခြင်း      သုတေသနလုပ်ငန်း၏ မြန်မာနိုင်ငံ အစီရင်ခံစာအား  တင်ပြခြင်းနှင့် SEA-PLM 2024 သုတေသနလုပ်ငန်းဆောင်ရွက်မှု အခြေ အနေများ    အသိပေးမိတ်ဆက်ခြင်းအခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်  ပညာရေး ဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 


အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်၊   ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊  ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊  တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ၊   ယူနီဆက်မှ  တာဝန်ရှိ ပုဂ္ဂိုလ်များ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့်  သက်ဆိုင်ရာတာဝန်ရှိသူများ  တက်ရောက်ကြ သည်။ 

 


ဦးစွာ ပြည်ထောင်စုဝန်ကြီးက  အရှေ့တောင် အာရှ   မူလတန်းပညာ    သင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ(SEA-PLM)သည် မူလတန်း အဆင့် နောက်ဆုံးနှစ် (မြန်မာနိုင်ငံတွင် Grade 5) ကျောင်းသားများ၏   အရေး၊   အဖတ်နှင့်  သင်္ချာ စွမ်းရည်များကို  စစ်ဆေးတိုင်းတာနိုင်ရန်အတွက် အာဆီယံ  ဒေသတွင်းကျယ်ပြန့်သော  ပညာရည် စစ်ဆေးမှု တစ်ခုဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်း သင်ယူတတ်မြောက်မှုကို ထင်ဟပ်စေလျက် ၂၁ ရာစု ကျွမ်းကျင်မှုများပါဝင်သော  ပညာရည်စစ်ဆေး မှုကို ဖြည့်ဆည်းခြင်းအားဖြင့်   ပိုမိုကောင်းမွန်တိကျသော  သင်ယူမှုရလဒ်များ      ဖြစ်ထွန်းလာစေမည်ဖြစ်ပါ ကြောင်း၊ ထိုမှတစ်ဆင့်  တန်းတူညီမျှသော ပညာရေး ကို   ဒေသတွင်းရှိ   ကလေးများအားလုံး   ရရှိစေမည် ဖြစ်ပါကြောင်း။

 


SEA-PLM ပင်မစစ်ဆေးမှု (Main Survey) တွင် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင် နှင့်    ဗီယက်နမ်နိုင်ငံတို့    ပါဝင်ဆောင်ရွက်ခဲ့ကြပါ ကြောင်း၊   နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ကို ဆရာ အတတ်ပညာဦးစီးဌာန၊     ပညာရေးသုတေသန၊ စီမံကိန်းနှင့်   လေ့ကျင့်ရေးဦးစီးဌာန၊   အခြေခံပညာ ဦးစီးဌာန၊   မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊   ပညာရေး တက္ကသိုလ်နှင့် UNICEF Myanmar Office မှ ကိုယ်စား လှယ် စုစုပေါင်း  ၃၃  ဦးဖြင့်   ဖွဲ့စည်းခဲ့ပါကြောင်း၊ “SEA-PLM Myanmar National Report”   ကို ဆက်စပ် ဦးစီးဌာနများ၊ ပညာရေးဒီဂရီကောလိပ်များ၊ ပညာရေးတက္ကသိုလ်များ၊    တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများ၊  ခရိုင်ပညာရေးမှူးရုံး များသို့  ၂၀၂၂ ခုနှစ်  ဇွန် ၉ ရက်တွင်   ဖြန့်ဝေခဲ့ပြီး  ဖြစ်ပါကြောင်း။

 


ဆီမီယိုအတွင်းရေးမှူးချုပ်ရုံးက ယနှစ် ဖေဖော်ဝါရီ ၂ ရက်မှ ၃ ရက်အထိ  ကျင်းပသည့် “(၁၃) ကြိမ်မြောက် SEA-PLM Regional Steering Committee အစည်း အဝေး” တွင်  SEA-PLM 2024  ၏  အကြိုစမ်းသပ် စစ်ဆေးမှု (Field Trial) ကို  လာမည့်စက်တင်ဘာလ အတွင်း   ဆောင်ရွက်သွားရန်    ဆုံးဖြတ်ခဲ့သဖြင့် တိုင်းဒေသကြီး နှစ်ခု၊   ပြည်နယ် နှစ်ခုမှ Grade – 5 ကျောင်းသား ၁၀၀၀ ခန့်ဖြင့်  ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဤစစ်ဆေးအကဲဖြတ်ခြင်း သုတေ သန လုပ်ငန်းသည် သာတူညီမျှပြီး  အရည်အသွေး ပြည့်ဝသော  ပညာရေးကို ဖော်ဆောင်ရန်အတွက် သက်သေအခြေပြုမူဝါဒများ  ချမှတ်နိုင်မည်ဖြစ်ပြီး ဒေသတွင်း  နိုင်ငံများ တစ်ပြေးညီသတ်မှတ်ထားသော ပညာရေးစံနှုန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်     အထောက်အကူဖြစ်စေနိုင် ကြောင်း ပြောကြားသည်။

 


ထို့နောက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဦးအောင်ထိုက်က SEA-PLM 2019 စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်မည့်   အခြေအနေကို အကျဉ်းချုပ်တင်ပြ သည်။  ယင်းနောက်  ပညာရေးသုတေသန၊စီမံကိန်း နှင့်    လေ့ကျင့်ရေးဦးစီးဌာန   ညွှန်ကြားရေးမှူး ဒေါက်တာအေးသီတာစိုးက    SEA-PLM   2019 စစ်ဆေးအကဲဖြတ်ခြင်း    သုတေသနလုပ်ငန်း၏ အညွှန်းဘောင်များအား  တင်ပြသည်။ ဆက်လက်၍ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီး ဌာနမှ အရာထမ်းများက SEA-PLM 2019 စစ်ဆေး အကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏  မြန်မာနိုင်ငံ အစီရင်ခံစာအား တင်ပြသည်။  ထို့နောက် ပညာရေး သုတေသန၊   စီမံကိန်းနှင့်   လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာသန်းသန်းမြင့်က ကျေးဇူးတင်နှုတ်ခွန်းဆက်စကားပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်