နေပြည်တော် ဇွန် ၁၂
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုး သား/အမျိုးသမီး) သေနတ်ပစ် ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်း က ဗထူးတပ်နယ်ရှိ နယ်မြေခံ သင်တန်းကျောင်းဝင်း စက်ပစ် ကွင်း၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကို မိုးပျံပူဖောင်း ပစ်ဖောက်၍ ဖွင့်လှစ်ပေးပြီး သရုပ်ပြပစ်ခတ်ခြင်း၊ ပြိုင်ပွဲဝင် အသင်းများ၏ ယှဉ်ပြိုင်ပစ်ခတ်မှု များအား ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး ကာ ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။
အဆိုပါ တိုင်းမှူးဒိုင်း သေနတ် ပစ်ပြိုင်ပွဲအား တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ခုနစ်သင်းနှင့် အမျိုးသမီးအသင်း ခုနစ်သင်းတို့ဖြင့် ဇွန် ၁၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



