အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

နေပြည်တော် ဇွန် ၁၉ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲ ကို ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ် နယ်မြေခံ သင်တန်းကျောင်း စက်ပစ်ကွင်း၌ကျင်းပရာ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည် မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။ ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကားပြောကြား သည်။ ထို့နောက် ဆုပေးပွဲကျင်းပရာ ပြိုင်ပွဲဝင်များ အလိုက် တစ်ဦးချင်းဆုရရှိသူများ၊ အသင်းလိုက်ဆု ရရှိသူများနှင့် ဒိုင်းဆုရရှိသည့် ဗထူးတပ်နယ်(အမျိုး သား/အမျိုးသမီး)အသင်းတို့အား ဒုတိယတိုင်းမှူး နှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ခုနစ်သင်းနှင့် အမျိုးသမီးအသင်း ခုနစ်သင်းဖြင့် ဇွန် ၁၂ ရက်မှ ၁၉ ရက်အထိ ယှဉ်ပြိုင် ပစ်ခတ်ကြကြောင်း သိရသည်။ သတင်းစဉ်